Connect with us

Asia

တောင်ကိုရီးယား နိုင်ငံ စစ်ဘက်ဆိုင်ရာ ရဟတ်ယာဉ် တစ်စင်း ပျက်ကျမှု ဖြစ်ပွား ခဲ့ရာ ၅ ဦး သေဆုံး ၁ ဦး ဒဏ်ရာရရှိ

တောင်ကိုရီးယား နိုင်ငံ တွင် ဇူလိုင်လ ၁၇ ရက် တွင် ရဟတ်ယာဉ် ပျက်ကျခဲ့သည့် နေရာ အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဆိုးလ် ၊ ဇူလိုင် ၁၈ ရက် (ဆင်ဟွာ)

တောင်ကိုရီးယား နိုင်ငံ North Gyeongsang ပြည်နယ် Pohang မြို့ ရှိ လေတပ် စခန်း တစ်ခု တွင် ဇူလိုင်လ ၁၇ ရက် ညနေပိုင်း အချိန် ၌ စစ်ဘက်ဆိုင်ရာ ရဟတ်ယာဉ် တစ်စင်း ပျက်ကျမှု ဖြစ်ပွား ခဲ့ရာ ရဟတ်ယာဉ် တွင် လိုက်ပါခဲ့သူများအနက် ၅ ဦး သေဆုံး ခဲ့ပြီး ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ဒေသတွင်း မီဒီယာ များ၏ ဖော်ပြချက်အရ ရဟတ်ယာဉ် မှာ ပုံမှန်စစ်ဆေးမှုများ ဆောင်ရွက်ပြီးနောက် ပျံသန်းမှုဆောင်ရွက်စဉ် မြေပြင် နှင့် ၁၀ မီတာ ခန့် အကွာအဝေး သို့ ရောက်ရှိချိန်တွင် ပျက်ကျသွား ခဲ့ပြီး မီးလောင်မှု ဖြစ်ပွား ခဲ့ကြောင်း ၊ ရဟတ်ယာဉ် ပေါ်လိုက်ပါခဲ့သူများအနက် ၅ ဦး သေဆုံး ခဲ့ပြီး ၁ ဦး ဒဏ်ရာရရှိခဲ့ကာ ဒဏ်ရာရရှိသူအား အနီးပတ်ဝန်းကျင်ရှိ ဆေးရုံ သို့ ပို့ဆောင် ခဲ့ကြောင်း သိရှိရသည်။

တောင်ကိုရီးယား နိုင်ငံ အထူးတပ်ဖွဲ့ အနေဖြင့် အခင်းဖြစ်ပွား ရခြင်း နှင့် ပတ်သက်၍ ကော်မတီ ဖွဲ့စည်း သွားမည် ဖြစ်ပြီး အခင်းဖြစ်ပွားရသည့် အကြောင်းရင်း အား စုံစမ်းစစ်ဆေးမှု ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

တောင်ကိုရီးယား နိုင်ငံ တွင် ပျက်ကျ ခဲ့သည့် ရဟတ်ယာဉ် မှာ MUH – 1 အမျိုးအစား ရဟတ်ယာဉ် တစ်စင်းဖြစ်ပြီး တောင်ကိုရီးယား နိုင်ငံ အထူး တပ်ဖွဲ့ ၏ တိုက်ခိုက်မှု စစ်ဆင်ရေး တွင် အသုံးပြုသည့် ရဟတ်ယာဉ် အမျိုးအစား ဖြစ်ကြောင်း ၊ ယင်းရဟတ်ယာဉ် က လျှပ်တစ်ပြက် တိုက်ခိုက်ရေး နှင့် ကျွန်းကာကွယ်မှု စစ်ဆင်ရေးများ တွင် အသုံးပြု သည့် ရဟတ်ယာဉ် အမျိုးအစား ဖြစ်ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.