Connect with us

Politics, Law & Military

မောင်တောမြို့နယ်၌ နယ်စပ်ခြံစည်းရိုး ကျော်တက်ဝင်ရောက်လာသူ ၂ ဦး ဖမ်းဆီး

နယ်စပ်ခြံစည်းရိုး ကျော်တက်ဝင်ရောက်လာသူအား တွေ့ရစဉ်(MOI)

ရန်ကုန်၊ ဇူလိုင် ၁၇ ရက် (ဆင်ဟွာ)

မောင်တောမြို့နယ်၊ ပေါင်းဇားချောင်းဝကင်းစခန်းအနီးရှိ ဘင်္ဂလားဒေ့ရှ်-မြန်မာနှစ်နိုင်ငံ နယ်စပ်ခြံစည်းရိုး တိုင်အမှတ် ၅၂၀ ၌ ဇူလိုင် ၁၆ ရက် ညနေ ၄ နာရီခန့်တွင် နယ်စပ်ခြံစည်းရိုးကျော်တက်ဝင်ရောက်လာသူ ၂ ဦး အား ဖမ်းဆီးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါ နယ်စပ်ခြံစည်းရိုးကို တစ်ဘက်နိုင်ငံသားများ ဖြစ်သည့် ဒီလူး(ခ) ဒိလ်မာမတ် (၅၅) နှစ်နှင့် မာမွတ်ဖာဒူ(ခ) မာမတ်ဖာရုလ်(၃၅) နှစ်တို့ နှစ်ဦးသည် နတ်မြစ်အား ဖြတ်ကူးပြီး နယ်စပ်ခြံစည်းရိုးအား ကျော်တက် ဝင်ရောက်လာခဲ့ကြောင်း သိရသည်။

ယင်း သို့ ကျော်တက်ဝင်ရောက်နေသည်ကို လုံခြုံရေးတပ်ဖွဲ့ဝင်များမှ သတိပေးဟန့်တားခဲ့ရာ ရပ်တန့်မှု မရှိဘဲ ခြံစည်းရိုးအား ဆက်လက်ကျော်တက်သဖြင့် MA-11 မောင်းပြန်ရိုင်ဖယ် သေနတ်ဖြင့် ၁ ချက် သတိပေးပစ်ခတ်ခဲ့ရာ ဒီလူး(ခ) ဒိလ်မာမတ်၏ ကျောယာဘက်ခြမ်းမှ ဝမ်းဗိုက်ယာဘက်ခြမ်း ကျည်ထိမှန်(မစိုးရိမ်ရ) ရရှိခဲ့သဖြင့် မောင်တောပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး မာမွတ်ဖာဒူ(ခ) မာမတ်ဖာရုလ်အား ပြင်ဖြူနယ်မြေရဲစခန်းတွင် စစ်ဆေးလျက် ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.