ရန်ကုန်၊ ဇန်နဝါရီ ၉ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်း ဒေသကြီးအတွင်း ကျူးကျော်နေထိုင်သူများ စာရင်းအားလုံး ကောက်ယူပြီးပါက အခွင့်အရေးပေးမည့် ကျူးကျော်များနှင့် အရေးယူရမည့် ကျူးကျော်များဟူ၍ အမျိုးအစားနှစ်မျိုး ခွဲခြားသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။
ရန်ကုန်၊ ဇန်နဝါရီ ၉ ရက် (ဆင်ဟွာ) ရန်ကုန်မြို့တွင် ယာဉ်ကြောပိတ်ဆို့မှု ဖြေလျှော့နိုင်ရန် အဓိကလမ်းမများ၌ လုံခြုံရေးကင်မရာ ပါဝင်သော ဆင်ဆာမီးပွိုင့်များ တပ်ဆင်ထားပြီး စည်းကမ်းဖောက်ဖျက်သော မော်တော်ယာဉ်များကို လုံခြုံရေး ကင်မရာများမှ တစ်ဆင့် မှတ်တမ်းတင်လျက်ရှိရာ အဆိုပါယာဉ်များအား မော်တော်ယာဉ်နှစ်ကုန် သက်တမ်းတိုးသည့် အချိန်တွင် အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း အမှတ်(၂)ယာဉ်ထိန်းရဲ...
ဂျာကာတာ၊ ဇန်နဝါရီ ၉ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ အနောက်ပိုင်း Aceh ပြည်နယ် Nagan Raya ခရိုင်တွင် ရေကြီးမှုများဖြစ်ပွားခဲ့ရာ လူပေါင်း ၃,၀၀၀ နီးပါး နေရာရွှေ့ပြောင်းခဲ့ရကြောင်း သဘာဝဘေးအန္တရာယ်ဋ္ဌာန တာဝန်ရှိသူတစ်ဦးက ဇန်နဝါရီ ၈ရက် ညနေပိုင်းတွင်ပြောကြားခဲ့သည်။
ရန်ကုန်၊ ဇန်နဝါရီ ၉ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် ၂ဝ၁၆ ခုနှစ်အတွင်း မီးလောင်မှုအကြိမ်ပေါင်း ၁၈ဝ ဖြစ်ပွားခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုးမှာ ၁၃၅.၄၆ သန်းကျော်ရှိခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီးမီးသတ် ဦးစီးဌာနမှ သိရသည်။
အစ္စလမ်မာဘတ်၊ ဇန်နဝါရီ ၉ ရက် (ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ အရှေ့ပိုင်း ပန်ဂျပ်ပြည်နယ်တွင် ဇန်နဝါရီ ၈ရက်က ယာဉ်တိုက်မှု နှစ်ခုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၂၀ဦးသေဆုံးပြီး အခြား လူ၂၉ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်တွင်း Urdu သတင်းဋ္ဌာနကဖော်ပြခဲ့သည်။