Connect with us

Africa & Middle East

အမေရိကန် နိုင်ငံ ဦးဆောင်သည့် နိုင်ငံတကာ တပ်ဖွဲ့ ၏ တိုက်ခိုက်မှုကြောင့် အမျိုးသမီး နှင့် ကလေးငယ် အနည်းဆုံး ၃၀ ဦး သေဆုံး

ဒမတ်စကပ်စ် ၊ ဇူလိုင် ၁၄ ရက် (ဆင်ဟွာ)

အမေရိကန် နိုင်ငံ ဦးဆောင်သည့် နိုင်ငံတကာ တပ်ဖွဲ့ က ဇူလိုင်လ ၁၃ ရက်နေ့ နံနက်ပိုင်း အချိန်တွင် ဆီးရီးယား နိုင်ငံ အရှေ့ပိုင်း Deir ez-Zor ပြည်နယ် အတွင်းရှိ မြို့ နှစ်မြို့ အား လေကြောင်း ဗုံးကြဲတိုက်ခိုက်မှု ဆောင်ရွက်ခဲ့ရာ အမျိုးသမီး နှင့် ကလေးငယ် အနည်းဆုံး ၃၀ ဦး သေဆုံး ခဲ့ပြီး လူအများအပြား ဒဏ်ရာရရှိခဲ့ကြောင်း ဆီးရီးယား နိုင်ငံပိုင် သတင်းဌာန ၏ ထုတ်ပြန်ချက် အရ သိရှိရသည်။

သတင်းဖော်ပြချက်အရ လေကြောင်း ဗုံးကြဲ တိုက်ခိုက်မှုကြောင့် Deir ez-Zor ပြည်နယ် အတွင်းရှိ နေအိမ်များစွာ ပြိုလဲ ခဲ့ရကြောင်း ၊ ဒဏ်ရာရရှိသူများအနက် အချို့မှာ လွန်စွာ ပြင်းထန်သဖြင့် သေဆုံးသူ ပိုမို မြင့်တက် လာနိုင်ကြောင်း သိရှိရသည်။

ဆီးရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာန အနေဖြင့် ဇူလိုင်လ ၁၃ ရက် ၌ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် နှင့် လုံခြုံရေး ကောင်စီ ဥက္ကဋ္ဌ ထံသို့ စာရေးသား ပေးပို့ ခဲ့ပြီး ယင်း ဗုံးကြဲတိုက်ခိုက်မှု မှာ ဆီးရီးယား နိုင်ငံ ပြည်သူလူထု များ အပေါ် ကျူးလွန်မှု တစ်ရပ်ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

၂၀၁၄ ခုနှစ် သြဂုတ်လ မှ စတင်၍ အမေရိကန် နိုင်ငံ အနေဖြင့် အီရတ် နိုင်ငံ အတွင်း IS အဖွဲ့အစည်း အား ဦးတည်၍ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများ စတင်ဆောင်ရွက်ခဲ့ပြီး စက်တင်ဘာလ တွင် ဆီးရီးယား နိုင်ငံ နယ်နိမိတ် အထိ ဗုံးကြဲတိုက်ခိုက်မှုများ တိုးချဲ့ ဆောင်ရွက် ခဲ့သည်။ ဆီးရီးယား နိုင်ငံ အစိုးရ က အမေရိကန် နိုင်ငံ ဦးဆောင်သည့် နိုင်ငံတကာ တပ်ဖွဲ့ ၏ ဗုံးကြဲတိုက်ခိုက်မှုများ က ဆီးရီးယား ပြည်သူလူထု များစွာ သေဆုံးမှု ဖြစ်စေသည်ဟု ပြစ်တင်ပြောကြား ခဲ့ကြောင်း သိရှိရသည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117