ဒါကာ၊သြဂုတ်၁၄ ရက်(ဆင်ဟွာ) လှေလုပ်သား ၁၇ ဦး လိုက်ပါသွားသည့် အိန္ဒိယငါးဖမ်းလှေ တစ်စင်းသည် ဘင်္ဂလားပင်လယ်အော်တွင် တိမ်းမှောက်သွားရာ သေဆုံးသူ ၅ဦး နှင့် အသက်ရှင်ကျန်ရစ်သူ ၂ ဦးတို့၏ ခန္ဓာကိုယ် နှင့် ရုပ်အလောင်းများကို ဘင်္ဂလားဒေ့ရှ်ရေတပ်က ဆယ်ယူရရှိထားကြောင်း သြဂုတ် ၁၄ ရက်တွင်ပြောကြားသည်။
ရန်ကုန်၊ သြဂုတ် ၁၄ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီးအတွင်း တရားဥပဒေစိုးမိုးရေး၊ မှုခင်းကျဆင်းရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်သူများပူးပေါင်းပါဝင်သည့် ရပ်ရွာအခြေပြုရှေ့ပြေးစီမံချက် Community Based Policing ကို ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။
ဆယ်လ်ဗာဒေါ် ၊ သြဂုတ် ၁၄ ရက်(ဆင်ဟွာ) သြဂုတ်လ ၁၃ ရက်တွင်ကျင်းပခဲ့သော ရီယိုအိုလံပစ်ဘောလုံးပြိုင်ပွဲ၏ ကွာတားဖိုင်နယ်ပွဲစဉ်တစ်ခုဖြစ်သည့် ဘရာဇီးနှင့် ကိုလံဘီယာတို့ပွဲစဉ်တွင် ဘရာဇီးအသင်းက ၂ဂိုးပြတ်အနိုင်ရခဲ့ကြောင်း နှင့် ယင်းပွဲစဉ်၌ နေမာသည် ပြိုင်ပွဲ၌ ပထမဆုံး ဗွေဆော်ဦး ဂိုးတစ်ဂိုးကို ဘရာဇီးအတွက် သွင်းယူပေးခဲ့ကြောင်းသိရသည်။
အစ္စလမ်မာဘတ် ၊ သြဂုတ် ၁၄ ရက်(ဆင်ဟွာ) လွန်ခဲ့သော ရက်သတ္တပတ်က တာလီဘန်တို့ထိန်းချုပ်ရာနေမြေ၌ ပါကစ္စတန် ရဟတ်ယာဉ်ပျက်ကျရာမှ တာလီဘန်တို့၏ ဖမ်းဆီးထိန်းသိမ်းခြင်းခံထားရသည့် ရုရှားနိုင်ငံသားတစ်ဦး အပါအဝင် ရဟတ်ယာဉ်အမှုထမ်း ၆ ဦးကို တာလီဘန်တို့ကပြန်လည်လွှတ်ပေးလိုက်ပြီးဖြစ်ကြောင်း တာဝန်ရှိသူများက သြဂုတ် ၁၃ ရက်တွင်ပြောကြားသည်။
ပေကျင်း၊ သြဂုတ် ၁၄ ရက် (ဆင်ဟွာ)ဆေးမြစ်များ၊ အပ်စိုက်ကုထုံးများပြီးနောက် စုပ်ခွက်ကုထုံးသည် တရုတ်ရိုးရာ ဆေးနည်းများထဲတွင် လူကြိုက်များကြရုံသာမက အားကစားသမားများ ကိုယ်တိုင်အားထားရသည့် ကုထုံးများဖြစ်လာသည်။ဘရာဇီးနိုင်ငံတွင်ကျင်းပလျက်ရှိသည့် ရီယိုအိုလံပစ်ကစားနည်းများပါဝင်ယှဉ်ပြိုင်ကြသူ ပြိုင်ပွဲဝင်အားကစားသမား များ ၏ ကိုယ်တွင် ခရမ်းရောင်အဝိုင်းအမှတ်အသားများကို မြင်တွေ့ရာမှ ထို ကုထုံးကို ကမ္ဘာတစ်ဝန်းမှ အားကစား ချစ်သူများက စိတ်ဝင်စားမှုများပြားလာသည်။...