Connect with us

Asia

အာဖဂန်နစ္စတန်တွင် အကြမ်းဖက်မှုများကြောင့် ရဲတပ်ဖွဲ့ဝင် ၄ဦး နှင့် စစ်သွေးကြွ ၈၈ဦး သေဆုံး

အာဖဂန်နစ္စတန်နိုင်ငံ ရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များအားတွေ့ရစဉ် (ဆင်ဟွာ)

ကဘူးလ်၊ ဇူလိုင် ၁၃ ရက် (ဆင်ဟွာ)

အာဖဂန်နိုင်ငံ ရှိ ပြည်နယ် ၂ ခု တွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ ရဲတပ်ဖွဲ့ဝင် ၄ဦး နှင့် အနည်းဆုံး စစ်သွေးကြွ ၈၈ဦး သေဆုံးခဲ့ကြောင်း အာဏာပိုင်များက ဇူလိုင် ၁၂ ရက်တွင်ပြောကြားခဲ့သည်။

ပြည်နယ်ဆိုင်ရာ ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ Sardar Wali Tabasam က အရှေ့ပိုင်း Paktia ပြည်နယ်တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲတစ်ခုအတွင်း တာလီဘန် စစ်သွေးကြွ ၅၁ဦး သေဆုံးခဲ့ပြီး ဇူလိုင် ၁၂ ရက် အစောပိုင်းတွင် Ahmad Abad ခရိုင် ရှိ Band-e-Michalgho ဧရိယာ၌ လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း ဆင်ဟွာသို့ပြောကြားခဲ့သည်။

အဆိုပါ ဧရိယာရှိ လုံခြုံရေးဂိတ်များကို စစ်သွေးကြွများစွာက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး တိုက်ခိုက်မှုများအတွင်း ရဲတပ်ဖွဲ့ဝင် ၄ဦး သေဆုံးခဲ့ကာ အခြားလူ ၆ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။နိုင်ငံမြောက်ပိုင်း Jawzjan ပြည်နယ် Darzab ခရိုင် တွင် ဇူလိုင် ၁၀ရက်က စစ်သွေးကြွအုပ်စု ၂ခု တိုက်ပွဲဖြစ်ပွားရာ IS စစ်သွေးကြွ ၂၈ဦး နှင့် တာလီဘန်စစ်သွေးကြွ ၉ဦး သေဆုံးကာ IS စစ်သွေးကြွ ၁၆ဦး နှင့် တာလီဘန်စစ်သွေးကြွ ၁၁ဦး ဒဏ်ရာရရှိခဲ့ကြောင်း အာဖဂန်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။အဆိုပါ ပြိုင်ဘက် စစ်သွေးကြွအုပ်စု ၂ခုသည် အာဖဂန်နိုင်ငံတွင် နယ်မြေချဲ့ထွင်ရင်း မကြာခဏ တိုက်ပွဲများဖြစ်ပွားလေ့ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.