ဒမတ်စကပ်၊ အောက်တိုဘာ ၄ ရက် (ဆင်ဟွာ) ဆီးရီးယားနိုင်ငံ အလက်ပိုမြို့ရှိ သူပုန်များ ထိန်းချုပ်ထားရာ နယ်မြေရှိ အကြီးဆုံး ဆေးရုံသည် လေကြောင်း တိုက်ခိုက်မှု ခံခဲ့ရပြီးနောက် လုံးဝ ပျက်စီးသွားခဲ့ကြောင်း လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့တစ်ခုက အစီရင်ခံ တင်ပြခဲ့သည်။
တီဟီရန်၊ အောက်တိုဘာ ၄ ရက် (ဆင်ဟွာ) အီရန်နိုင်ငံ အဆင့်မြင့်အရာရှိတစ်ဦးက ဆီးရီးယားနိုင်ငံ စစ်တပ်ကို ဆန့်ကျင်၍ စစ်ရေးကိစ္စများတွင် အမေရိကန်၏ ဝင်ရောက်စွက်ဖက်မှုများ နှင့်ပတ်သက်၍ သတိပေးပြောကြားခဲ့ကြောင်း ရုပ်သံလိုင်းတစ်ခု က အောက်တိုဘာ ၃ ရက်တွင်ဖော်ပြခဲ့သည်။
ရန်ကုန် ၊ အောက်တိုဘာ ၄ ရက်(ဆင်ဟွာ) ဈေးကွက် အတွင်း ရောင်းချလျက် ရှိသော တိုင်းရင်းဆေးဝါး ၂ မျိုးတွင် အနောက်တိုင်းဆေး ရောနှော ထားကြောင်း စိစစ် တွေ့ရှိရသဖြင့် အများပြည်သူများ သုံးစွဲရန် မသင့်လျော်ကြောင်းနှင့် သတိပြု ဝယ်ယူသုံးစွဲနိုင်ရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ အသိပေး နှိုးဆော်ခဲ့သည်။
ရာဘတ်၊ အောက်တိုဘာ ၄ရက် (ဆင်ဟွာ) မော်ရိုကိုနိုင်ငံ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် IS စစ်သွေးကြွအဖွဲ့နှင့် အဆက်အသွယ်ရှိနေသည့် အမျိုးသမီး ၁၀ဦးအား ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဋ္ဌာနက အောက်တိုဘာ ၃ရက်တွင် ပြောကြားခဲ့သည်။
ရန်ကုန်၊ အောက်တိုဘာ ၄ ရက်(ဆင်ဟွာ) ၂ဝ၁၆ ခုနှစ် နှစ်လယ် မြန်မာ့ကျောက်မျက် ရတနာပြပွဲကို နိုဝင်ဘာ ၂ဝ ရက်မှ ၂၉ ရက်အထိ နေပြည်တော် မဏိရတနာခန်းမ၌ ကျင်းပမည်ဖြစ်ကြောင်း မြန်မာ့ကျောက်မျက် ရတနာပြပွဲဗဟိုကော်မတီထံမှ သိရသည်။