Connect with us

Politics

တရုတ်-မြန်မာ ချစ်ကြည်ရေး စာအုပ် ထုတ်ဝေမှု ထောက်ပံ့ရေး စီမံကိန်း အကဲဖြတ် ရလဒ် အရ ငွေကြေး ထောက်ပံ့မည့် အမည်စာရင်းများ ကြေညာ


ရန်ကုန် ၊ ဇူလိုင် ၃ ရက်(ဆင်ဟွာ)

တရုတ်-မြန်မာချစ်ကြည်ရေး စာအုပ်ထုတ်ဝေမှုထောက်ပံ့ရေး စီမံကိန်း ဆိုင်ရာ အကဲဖြတ် စံနှုန်းနှင့်အညီ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ လျှောက်ထားသူများအား ငွေကြေးထောက်ပံ့ရန် ဆုံးဖြတ်လိုက်သည့် အမည်စာရင်းများအား ယနေ့ဇူလိုင် ၃ ရက်တွင် ထုတ်ပြန် ကြေညာခဲ့သည်။

တရုတ်-မြန်မာ ချစ်ကြည်ရေး စာအုပ်ထုတ်ဝေမှု ထောက်ပံ့ရေး စီမံကိန်း အကဲဖြတ် ရလဒ် အရ ငွေကြေး ထောက်ပံ့မည့် အမည်စာရင်းများမှာ လျှောက်ထားသူ များ ဖြစ်ကြသည့် (၁)ဒေါ်ဝင်းဝင်းသန်း ၊ (၂) ဦးမိုးဟိန်း ၊ (၃) တော်ကောင်းမင်း ၊ (၄) Lin Qingfeng နှင့် Zhang Ping (မြန်မာ နိုင်ငံဖွား တရုတ်လူမျိုး) ၊ (၅) ဦးဝင်းတင် ၊ (၆) ရှင်းသန့်လွင် (ရုက္ခဗေဒ) ၊ (၇) မောင်ဝင်းဝါ ၊ (၈) ဦးဟိန်းလတ် ၊ (၉) ဘုန်းသက်ပိုင် ၊ (၁၀) လင်းဆက် ငြိမ်းချမ်း နေဇင်ထွန်း ၊ (၁၁) ဒေါ်စုရည်မွန် ၊ (၁၂) ဦးထိုက်လွင်ကို တို့ဖြစ်ကြောင်း သိရသည်။

တရုတ်-မြန်မာ ချစ်ကြည်ရေး စာအုပ် ထုတ်ဝေမှု ထောက်ပံ့ရေး စီမံကိန်း အကဲဖြတ် ရလဒ်များအား တွေ့ရစဉ်(ဓာတ်ပုံ- Chinese Embassy in Myanmar)

တရုတ်-မြန်မာချစ်ကြည်ရေး စာအုပ်ထုတ်ဝေမှုထောက်ပံ့ရေး စီမံကိန်း ဆိုင်ရာ အကဲဖြတ် စံနှုန်းနှင့်အညီ လျောက်ထားသည့် အကြောင်းအရာများမှာ Wang Jienan နှင့် Wang Quanzhen တို့၏ “တရုတ်-မြန်မာ ချစ်ကြည် ရင်းနှီးသော နှစ်ပေါင်း ၂၀၀၀” စာအုပ်အား ဘာသာပြန်ခြင်း ၊ “အာရှ နဂါးကြီး တောင်ပံ ဖြန့်ချိန်” အခန်းဆက် ဆောင်းပါးအား အကျယ် ရေးသားခြင်း ၊ Mo Yan ၏ “နွမ်းလျသေရှင်” စာအုပ်အား ဘာသာပြန်ခြင်း ၊ “၂၀ ရာစု ကာလများက မြန်မာ့ အထင်ကရ စာရေးဆရာများ ၊ အနုပညာရှင်များ နှင့် မြန်မာ-တရုတ် ပရဟိတ လုပ်ငန်း ဆောင်ရွက်သူများ အကြောင်း အတ္ထုပတ္တိ အကျဉ်း”အား ဘာသာပြန် ပြုစုခြင်း “မြန်မာနိုင်ငံ၏ ၁၉၄၁ ခုနှစ်မှ ၁၉၄၅ ခုနှစ် အထိ ၅ နှစ်တာ ကာလ”အား ဘာသာပြန်ခြင်း ၊ “ကံတူ အကျိုးပေး တရုတ်-မြန်မာ ချစ်ကြည်ရေး” တရုတ်-မြန်မာ ချစ်ကြည်ရေး ဆောင်းပါး ပေါင်းချုပ်အား ရေးသား ပြုစုခြင်း ၊ “အနားသတ်မျဉ်းများအား ကျော်လွန်၍” စာအုပ်အား ရေးသား ပြုစုခြင်း ၊ “မေလန်ဖန်း နှင့် အောင်ဗလ”စာအုပ်အား ရေးသား ပြုစုခြင်း ၊ “ရှီကျင့်ဖိန် နှင့် သူ၏ ခေတ်ကာလ” စာအုပ်အား ရေးသား ပြုစုခြင်း ၊ “ရှီကျင့်ဖိန်၏ အစီရင်ခံစာ”အား ဘာသာပြန်ခြင်း ၊ “တရုတ်ပုံရိပ် စကားပြေ ပေါင်းချုပ်”စာအုပ်အား ရေးသား ပြုစုခြင်း ၊ “တရုတ်-မြန်မာ ချစ်ကြည်ရေး ကဗျာ ပေါင်းချုပ်” စာအုပ်အား ရေးသား ပြုစုခြင်း ၊ “တရုတ် နိုင်ငံ ဆိုင်ရာ အဖြစ်အပျက်များ(အတွဲ – ၂ ၊ ၃)” စာအုပ်အား ဘာသာပြန် ပြုစုခြင်း တို့ဖြစ်ကြောင်း သိရသည်။

ထိုစီမံကိန်း ဆိုင်ရာ အကဲဖြတ် စံနှုန်းနှင့်အညီ လျောက်ထားသူ ၁၂ ဦးအား လျှောက်ထားသည့် အကြောင်း အရာ အလိုက် ငွေကြေး ထောက်ပံ့ သွားမည် ဖြစ်ကြောင်း ထုတ်ပြန်မှု အရ သိရသည်။

မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံး အနေဖြင့် မြန်မာ စာလုံးရေ ၁ သိန်းအောက်ရှိ စာအုပ်အတွက် အမေရိကန် ဒေါ်လာ ၁၀၀၀ ၊ မြန်မာ စာလုံးရေ ၁ သိန်း မှ ၄ သိန်း အကြားရှိ စာအုပ်အတွက် အမေရိကန် ဒေါ်လာ ၃၀၀၀ ၊ မြန်မာ စာလုံးရေ ၄ သိန်း နှင့် အထက်ရှိ စာအုပ် အတွက် အမေရိကန် ဒေါ်လာ ၅၀၀၀ ကို ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

“တရုတ်-မြန်မာ ချစ်ကြည်ရေး စာအုပ် ထုတ်ဝေမှု ထောက်ပံ့ရေး စီမံကိန်း” ကို တရုတ်-မြန်မာ ချစ်ကြည်ရေး ထပ်ဆင့်မြှင့်တင် နိုင်ရန် အတွက် မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံး က ဖော်ဆောင် ခဲ့ခြင်း ဖြစ်သည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117