ပေကျင်း ၊ အောက်တိုဘာ ၃ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၌ နိုင်ငံအဆင့် အဏ္ဏဝါဥယျာဉ်အသစ် ၉ ခုကို ထပ်မံဖွင့်လှစ်ကြောင်း နှင့် စုစုပေါင်း အဏ္ဏဝါဥယျာဉ်အရေအတွက်မှာ ၄၂ ခုထိ ရှိလာပြီးဖြစ်ကြောင်း တရုတ်နိုင်ငံသမုဒ္ဒရာဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့(SOA) က အောက်တိုဘာလ ၃ ရက်တွင် ကြေညာလိုက်သည်။
ရီယို ဒီဂျနေရိုး၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ) ဘရာဇီး နိုင်ငံတကာ ကွင်းလယ် ကစားသမား လူးကက်စ် မီမာသည် လာမည့်နှစ်အတွင်း တရုတ်နိုင်ငံသို့ ပြောင်းရွှေ့ ကစားနိုင်မည် ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
ရန်ကုန်၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံမှ ပြည်ပသို့ ဆန်တင်ပို့နေသည့် နိုင်ငံများအနက် တရုတ်နိုင်ငံ တစ်နိုင်ငံတည်း သို့ ၈ဝ ရာခိုင်နှုန်းကျော် တင်ပို့ နေရကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် အထွေထွေ အတွင်းရေးမှူး ဦးရဲမင်းအောင် ကပြောသည်။
လစ်ဗျား၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ) လစ်ဗျားနိုင်ငံ Sirteမြို့တွင် IS စစ်သွေးကြွအဖွဲ့မှ လက်ဖြောင့်သေနတ်သမားတစ်ဦး၏ ချောင်းမြောင်း ပစ်ခတ်မှုကြောင့် နယ်သာလန်နိုင်ငံသား ပရော်ဖက်ရှင်နယ် ဓါတ်ပုံသတင်းထောက် သေဆုံးခဲ့ကြောင်း နယ်သာလန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန က အောက်တိုဘာ ၂ရက် ညတွင် အတည်ပြုခဲ့သည်။
မက်ဒရစ်၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ) စပိန်နိုင်ငံတောင်ပိုင်း Velez-Malaga မြို့ရှိ ကော်ဖီဆိုင်တစ်ခုတွင် အောက်တိုဘာ ၁ရက် ညက ဓါတ်ငွေ့ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ဒဏ်ရာရရှိသူ ဦးရေသည် စုစုပေါင်း ၉၀ဦး အထိရှိလာကြောင်း အတည်ပြုခဲ့ပြီး ငါးဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း သိရသည်။