Connect with us

Africa & Middle East

မော်ရိုကိုတွင် IS အစွန်းရောက်အဖွဲ့နှင့်အဆက်အသွယ်ရှိသူ ၄ ဦးအား ဖမ်းဆီး

မော်ရိုကိုတွင် ဖမ်းဆီးရမိသော အကြမ်းဖက်သမားဟုသံသယရှိသူတစ်ဦးအား တရားရုံးထုတ်စစ်ဆေးနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ - အင်တာနက်)

ရာဘတ် ၊ ဇူလိုင် ၃ ရက်(ဆင်ဟွာ)

မော်ရိုကို ဗဟိုတရားစီရင်ရေးနှင့်စုံံစမ်းစစ်ဆေးရေးဌာနက ဇူလိုင် ၂ ရက်တွင် IS အစွန်းရောက်အဖွဲ့ နှင့် အဆက်အသွယ်ရှိသူ ၄ ဦးအား ဖမ်းဆီးခဲ့ကြောင်း မော်ရိုကိုနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာနက ယင်း နေ့တွင် သတင်းထုတ်ပြန်ထားကြောင်းသိရသည်။

ထို ၄ ဦးမှာ Casablanca ၊ Tangier၊ Nador၊ Tiznitစသည့်မြို့များ၏ အကြမ်းဖက်လှုပ်ရှားမှုများတွင် ပါဝင်ခဲ့သည်ဟု သံသယရှိကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၂၀၀၃ခုနှစ်က Casablanca တွင် အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် မော်ရိုကိုသည် အကြမ်း ဖက်ဝါဒ တိုက်ဖျက်ရေး ကြိုတင်ကာကွယ်မှုများ လုပ်ဆောင်ခဲ့ရာ သိသာထင်ရှားသော အကျိုးရလဒ် များ ရရှိခဲ့သည်။ ၂၀၁၅ ခုနှစ် နှစ်ဆန်းပိုင်းမှ ၂၀၁၈ ခုနှစ် ဇွန်လ အတွင်းတွင် အကြမ်းဖက်အဖွဲ့ငယ် ၅၃ ဖွဲ့ ကို ချေမှုန်းခဲ့ပြီး အကြမ်းဖက်လုပ်ငန်းတွင် ပါဝင်သူဟု သံသယရှိသူ ၈၁၅ ဦး အား တရားစီရင် ရေးဌာနကို လွှဲပြောင်းပေးခဲ့ကြောင်း မော်ရိုကို ဗဟိုတရားစီရင်ရေးနှင့်စုံစမ်းစစ်ဆေး ရေးဌာန၏ ထုတ်ပြန်သည့် အချက်အလက်များအရ သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.