Connect with us

Environment, Disasters & Accidents

ဖားကန့်မြို့နယ်အတွင်း ဥရုချောင်းရေများ ဝင်ရောက်မှုကြောင့် လူများ ဘေးလွတ်ရာသို့ ပြောင်းရွှေ့ ၊ စာသင် ကျောင်း ရှစ်ကျောင်း ခေတ္တ ပိတ်ထားရ

ဖားကန့် မြို့ နယ် အတွင်း ဥရုချောင်းရေ ၀င်ရောက်မှု အခြေအနေများအား တွေ့ ရစဉ်(ဓာတ်ပုံ- Myanmaalinn)

ရန်ကုန် ၊ ဇူလိုင် ၃ ရက်(ဆင်ဟွာ)

ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့် မြို့နယ် အတွင်း ဥရုချောင်းရေ မြင့်တက် ဝင်ရောက်မှုများကြောင့် လူများ ဘေးလွတ်ရာသို့ ပြောင်းရွှေ့ခဲ့ပြီး စာသင်ကျောင်း ရှစ်ကျောင်း ခေတ္တ ပိတ်ထားရကြောင်း ပြန်ကြားရေး ဝန်ကြီး ဌာန၏ သတင်း ထုတ်ပြန်မှု အရ သိရသည်။

ဥရုချောင်းအထက်ပိုင်း ကန်စီး ဒေသ၌ မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ဇူလိုင် ၂ ရက် နံနက်ပိုင်းမှ စတင်၍ ချောင်းရေ တရိပ်ရိပ် မြင့်တက်လာပြီး စိုးရိမ်ရသည့် အခြေ အနေသို့ ရောက်ရှိလာခဲ့ရာ လူများ ဘေးလွတ်ရာသို့ ပြောင်းရွှေ့ပေးနေခဲ့ရကြောင်း သိရသည်။

မြို့ပေါ် ရပ်ကွက်များ ဖြစ်သည့် ငှက်ပျောတော ရပ်ကွက် အနိမ့်ပိုင်းတွင် ၁၂ ပေခန့် နှင့် မြို့လမ်းမပေါ်တွင် ခုနစ်ပေခန့် ၊ မော်ဝမ်း ရပ်ကွက် ဝန်ထမ်းအိမ်ရာ ဘက်ခြမ်းတွင် လေးပေခန့်၊ မရှီကထောင် ရပ်ကွက်တွင် ငါးပေခန့်၊ မြို့မကျောက်ဝိုင်း တွင် ၁ဝ ပေခန့်၊ လုံးခင်းကျေးရွာ ရပ်ကွက် (၁)(၂)(၃)(၄)နှင့် ရပ်ကွက်(၅)အနိမ့် ပိုင်းတွင် လည်းကောင်း၊ အောင်ရာရွာ၊ စွတ်အောင်ရွာတို့တွင် လည်းကောင်း ဥရုချောင်းရေများ ဝင်ရောက်လျက် ရှိပြီး လုံးခင်းကြိုးတံတားနှင့် ဖားကန့်ကြိုး တံတားတို့ပေါ်တွင် တစ်ပေခန့် ရေကျော် လျက်ရှိကြောင်း သိရသည်။

ထို့အတူ ဥရုချောင်းရေများ ဝင်ရောက်မှုကြောင့် ဇူလိုင် ၂ ရက် နေ့လည်ပိုင်းမှ စ၍ ဖားကန့်မြို့နယ်အတွင်းမှ စာသင်ကျောင်းများ ဖြစ်သည့် အ.ထ.က(လုံးခင်း) ၊ အ.လ.က(မရှီကထောင်)၊ အ.လ.က(နမ့်မဖြစ်)၊ အ.လ.က(ခိုမ) ၊ မူလွန်(အေးမြသာယာ)၊ အ.မ.က(နန့်နားလိုင်း)နှင့် အ.မက(နန့်စပိန်း)တို့ ခေတ္တပိတ် ထားရကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.