ရန်ကုန်၊ ဇွန် ၂၇ ရက် (ဆင်ဟွာ) ပုဂ္ဂလိကျန်းမာရေးလုပ်ငန်းလိုင်စင် အသစ်လျှောက်ထားသော လုပ်ငန်း(၁၄)ခုအား လုပ်ငန်း လိုင်စင်ချထားပေးမည်ဖြစ်ကြောင်း ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာ ဗဟိုအဖွဲ့ (၃/၂၀၁၈)အစည်းအဝေးထံမှ သိရသည်။
မွမ်ဘိုင်း၊ ဇွန် ၂၇ ရက် (ဆင်ဟွာ) အာရှ အခြေခံအဆောက်အအုံရင်းနှီးမြှုပ်နှံမှုဘဏ် (AIIB) အုပ်ချုပ်ရေးအဖွဲ့က လက်ဘနွန်နိုင်ငံမှ အဖွဲ့ဝင်အဖြစ် လျှောက်ထားမှုအား ခွင့်ပြုလိုက်ကြောင်း၊ AIIB ၏ အဖွဲ့ဝင် ၈၇ နိုင်ငံရှိလာပြီဖြစ်ကြောင်း ၎င်း၏ ဝက်ဘ်ဆိုက်၌ ဇွန်လ ၂၆ ရက်က ဖော်ပြခဲ့သည်။
ဝဲလ်လင်တန် ၊ ဇွန် ၂၇ ရက်(ဆင်ဟွာ) နယူးဇီလန် မြောက်ဘက်ကျွန်း South Taranaki ခရိုင်waverleyအနီးတွင် ဇွန် ၂၇ ရက်က ယာဉ် တိုက်မှုဖြစ်ပွားခဲ့ရာ လူ ၆ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာအပြင်းအထန် ရရှိခဲ့ကြောင်း နယူးဇီလန် လုံခြုံရေးရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
ရန်ကုန်၊ ဇွန် ၂၇ ရက် (ဆင်ဟွာ) ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး (၅၁)ရက်မြောက်နေ့တွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေ (၂၀၁၈) အား အတည်ပြုလိုက်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်က ပြောကြားသည်။
နယူးဒေလီ၊ ဇွန် ၂၇ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ မြောက်ပိုင်း ဟီမာချယ် ပရာဒတ်ရှ်ပြည်နယ်ရှိ ချောက်တစ်ခုအတွင်းသို့ ကားတစ်စီး ပြုတ်ကျမှုကြောင့် အနည်းဆုံး လူ ၅ ဦး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က ဇွန်လ ၂၇ ရက်တွင် ပြောကြားလိုက်သည်။