ဂျာကာတာ၊ ဇူလိုင် ၂၉ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ အလယ်ပိုင်း West Tenggara ပြည်နယ်တွင် ဇူလိုင် ၂၉ ရက် အစောပိုင်းက ရစ်ချ်တာစကေး ၆.၄ ပမာဏရှိ ငလျင်ပြင်းတစ်ခု လှုပ်ခတ်ခဲ့ရာ လူ ၁၀ဦးသေဆုံးပြီး အယောက် ၄၀ ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများကပြောကြားခဲ့သည်။
ကိုင်ရို၊ ဇူလိုင် ၂၉ ရက် (ဆင်ဟွာ) အီဂျစ်နိုင်ငံ တရားရုံးတစ်ခု က မတရားအသင်းတစ်ခုဖြစ်သည့် မွတ်စလင်ညီနောင်များအဖွဲ့မှ အဖွဲ့ဝင် ၇၅ဦးကို အကြမ်းဖက်မှု နှင့် လူသတ်မှုစွဲချက်များဖြင့် ဇူလိုင် ၂၈ ရက် တွင် သေဒဏ်ချမှတ်ခဲ့ကြောင်း နိုင်ငံပိုင် MENA သတင်းဌာနကဖော်ပြခဲ့သည်။
ဂျိုဟမ်နက်စ်ဘာ့ဂ် ၊ ဇူလိုင် ၂၆ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် ဇူလိုင်၂၅ ရက်တွင်ပြုလုပ်သည့် BRICS စီးပွားရေးဖိုရမ် ဖွင့်ပွဲအခမ်းအနား၌ မိန့်ခွန်းပြောကြားရာတွင် ကုန်သွယ်ရေးစစ်ပွဲသည် မည်သူ့အတွက်မှ အကျိုးမရှိသောကြောင့် မဖြစ်ပွားသင့်ကြောင်း ပြောကြားခဲ့သည်။(Xinhua)
ဂျိုဟမ်နက်စ်ဘာ့ဂ် ၊ ဇူလိုင် ၂၆ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် ဇူလိုင်၂၅ ရက်တွင်ပြုလုပ်သည့် BRICS စီးပွားရေးဖိုရမ် ဖွင့်ပွဲအခမ်းအနား၌ မိန့်ခွန်းပြောကြားရာတွင် တရုတ်နိုင်ငံအနေဖြင့် ဈေးကွက်တံခါးဖွင့်ခြင်း နှင့် လွတ်လပ်သော ကုန်သွယ်မှုကို အပြည့်အဝထောက်ခံအားပေးကြောင်း ၊ BRICS အဖွဲ့ဝင်နိုင်ငံများအားလုံးသည် နိုင်ငံတကာ စံချိန်စံနှုန်းများနှင့်အညီ အကျိုးတူပူးပေါင်းဆောင်ရွက်ရန်လိုအပ်ကြောင်းထည့်သွင်းပြောကြားခဲ့သည်။(Xinhua)
ချီကာဂို ၊ ဇူလိုင်၂၉ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ မီချီဂန်ပြည်နယ် အနောက်တောင်ပိုင်းရှိ မိုတယ်တစ်ခု၌ ဇူလိုင် ၂၈ ရက် နံနက်ပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ရာ အမျိုးသမီး ၁ဦးနှင့် ၎င်း၏ ကလေးငယ် ၅ ဦး သေဆုံးခဲ့ကြောင်း သိရသည်။