ရန်ကုန်၊ ဇွန် ၂၃ ရက် (ဆင်ဟွာ) ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ်၌ အမျိုးသား ၂ ဦးထံမှ ၁၀,၀၀၀ ကျပ်တန် ငွေစက္ကူအတု ၁၂ ရွက်နှင့် ၅,၀၀၀ ကျပ်တန် ငွေစက္ကူအတု ၉၉ ရွက် သိမ်းဆည်းရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဇွန် ၂၃ ရက် (ဆင်ဟွာ) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဒုတိယအကြိမ် နိုင်ငံလုံးဆိုင်ရာပါတီညီလာခံပထမနေ့ကို ယနေ့ နံနက် ၉နာရီ တွင် စတင်ကျင်းပခဲ့ကြောင်း သိရသည်။
မော်စကို၊ ဇွန် ၂၃ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာပူတင် နှင့် တောင်ကိုရီးယားနိုင်ငံ သမ္မတ မွန်ဂျေအင်တို့သည် ရုရှားနိုင်ငံ မော်စကိုမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ပြီး နယ်ပယ်အသီးသီးတွင် ပူးပေါင်းဆောင်ရွက်မှုများ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရန် သဘောတူညီခဲ့ကြောင်း ကရင်မလင်နန်းတော် က ဇွန် ၂၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။