Connect with us

Politics, Law & Military

ပုသိမ်မြို့နယ်၌ ၁၀,၀၀၀ ကျပ်တန် ငွေစက္ကူအတု ၁၂ ရွက်နှင့် ၅,၀၀၀ ကျပ်တန် ငွေစက္ကူအတု ၉၉ ရွက် သိမ်းဆည်းရမိ

သိမ်းဆည်းရမိသည့် ငွေစက္ကူအတုများအားတွေ့ရစဉ် (ဓာတ်ပုံ--ပြည်ထဲရေးဝန်ကြီးဌာန)

ရန်ကုန်၊ ဇွန် ၂၃ ရက် (ဆင်ဟွာ)

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ်၌ အမျိုးသား ၂ ဦးထံမှ ၁၀,၀၀၀ ကျပ်တန် ငွေစက္ကူအတု ၁၂ ရွက်နှင့် ၅,၀၀၀ ကျပ်တန် ငွေစက္ကူအတု ၉၉ ရွက် သိမ်းဆည်းရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ၂၀၁၈ခုနှစ်၊ ဇွန်လ ၂၂ ရက်နေ့ ၁၉း၃၀ နာရီ အချိန် ပုသိမ်မြို့နယ်၊ (၈)ရပ်ကွက်ရှိ BT စားသောက် ဆိုင်၌ ငွေစက္ကူအတုများ သုံးစွဲနေသဖြင့် ပုသိမ်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေး ခဲ့ရာ ညီညီအောင် (၂၅)နှစ်နှင့် အောင်နိုင်ဝင်း(၂၉)နှစ်တို့ ၂ ဦးအား တွေ့ရှိ၍ ရှာဖွေရာ အောင်နိုင်ဝင်း၏ ခါးကြားရှိ ကြွပ်ကြွပ်အိတ်အတွင်းမှ ၁၀,၀၀၀ ကျပ်တန် ငွေစက္ကူအတု ၁၂ ရွက်နှင့် ၅,၀၀၀ ကျပ်တန် ငွေစက္ကူအတု ၉၉ ရွက် တို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါငွေစက္ကူများအား မှုခင်းရဲတပ်ဖွဲ့မှ ပဏာမစိစစ်ခဲ့ရာ နိုင်ငံခြားစက္ကူအမျိုးအစား ဖြစ်ပြီး စက္ကူသားချောနေခြင်း၊ အတုသည်အစစ်ထက် အလျား၊ အနံ ၁ မီလီမီတာစီတိုခြင်း၊ အရောင် မှေးမှိန်ခြင်း၊ လုံခြုံရေးကြိုး အရောင်ပြောင်းလဲမှုမရှိဘဲ ခရမ်းရောင်သာပါရှိခြင်း၊ ကာလာပရင်တာ နည်းဖြင့် တုပထားခြင်း၊ လျှို့ဝှက်ချက်များမပါရှိခြင်းတို့ စိစစ်တွေ့ရှိရပြီး ၂၃း၄၀နာရီ အချိန်တွင် ညီညီအောင် ပါ ၂ ဦးအား ပုသိမ်နယ်မြေရဲစခန်း(ပ)၂၈၅/၂၀၁၈ ဗဟိုဘဏ်ဥပဒေပုဒ်မ ၁၀၅/၁၀၆ ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.