Connect with us

Europe

ပူးပေါင်းဆောင်ရွက်မှုများ ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ရန် တောင်ကိုရီးယားနှင့် ရုရှား သမ္မတတို့ ကတိကဝတ်ပြု

ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာပူတင် (ယာ) နှင့် တောင်ကိုရီးယားနိုင်ငံ သမ္မတ မွန်ဂျေအင် (ဝဲ) တို့ အား ဇွန် ၂၂ ရက်တွင်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတစ်ခု၌တွေ့ရစဉ် (ဆင်ဟွာ)

မော်စကို၊ ဇွန် ၂၃ ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာပူတင် နှင့် တောင်ကိုရီးယားနိုင်ငံ သမ္မတ မွန်ဂျေအင်တို့သည် ရုရှားနိုင်ငံ မော်စကိုမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ပြီး နယ်ပယ်အသီးသီးတွင် ပူးပေါင်းဆောင်ရွက်မှုများ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရန် သဘောတူညီခဲ့ကြောင်း ကရင်မလင်နန်းတော် က ဇွန် ၂၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ဆွေးနွေးမှုများအပြီးထုတ်ပြန်သည့် ထုတ်ပြန်ချက်၌ ပူတင်က တောင်ကိုရီးယားနိုင်ငံသည် အာရှ-ပစိဖိတ်ဒေသအတွင်း ရုရှားနိုင်ငံ၏ ဒုတိယအကြီးဆုံး ကုန်သွယ်ဖက်ဖြစ်လာကြောင်းပြောကြားခဲ့သည်။

နှစ်နိုင်ငံသည် ဒေသအတွင်းရှိ နိုင်ငံများအကြား လျှပ်စစ်ဓါတ်အားသွယ်တန်းမှု ကွန်ရက်တစ်ခုကို ဖန်တီးလုပ်ဆောင်ရန် ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း သဘောတူညီခဲ့ပြီး ရုရှားနိုင်ငံသည် တောင်ကိုရီးယားနိုင်ငံရှိ နျူကလီးယားဓါတ်ပေါင်းဖိုများအတွက် ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများ ဆက်လက် ထောက်ပံ့ပေးသွားဖြစ်ကြောင်း သိရသည်။

ရုရှား နှင့် တောင်ကိုရီးယားတို့သည် စီးပွားရေးအတွက် နှစ်နိုင်ငံမှ နည်းပညာများကို စီးပွားဖြစ်အသုံးချနိုင်ရန် တီထွင်ဆန်းသစ်မှု ပလက်ဖောင်းတစ်ခုကို ဖန်တီးလုပ်ဆောင်သွားရန် သဘောတူခဲ့ကြသည်။

တွေ့ဆုံပွဲအပြီး နှစ်နိုင်ငံခေါင်းဆောင်များသည် ရုရှား-တောင်ကိုရီးယား ဒေသကြား ပူးပေါင်းဆောင်ရွက်မှုဖိုရမ် တည်ထောင်ခြင်း နားလည်မှုစာချွန်လွှာတစ်ရပ် အပါအဝင် နှစ်နိုင်ငံချစ်ကြည်ရေးဆိုင်ရာ စာရွက်စာတမ်းများကို လက်မှတ်ရေးထိုးခဲ့ပြီး နှစ်နိုင်ငံအကြား လွတ်လပ်သော ကုန်သွယ်ရေးဧရိယာတစ်ခု တည်ထောင်ရေးနှင့် ပတ်သက်၍ ပူးတွဲထုတ်ပြန်ချက် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ရုရှားနှင့် တောင်ကိုရီးယားတို့သည် ၂၀၂၀ခုနှစ်အား ယဉ်ကျေးမှုများဖလှယ်ခြင်းနှစ်တစ်နှစ်အဖြစ် ကျင်းပဆောင်ရွက်သွားမည်ဖြစ်ပြီး လူမှုဖူလှုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု နားလည်မှုစာချွန်လွှာတစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.