ရန်ကုန်၊ ဇူလိုင် ၁၄ ရက် (ဆင်ဟွာ) ရခိုင်ဒေသတွင် သဘာဝ ဘေးအန္တရာယ်များနှင့် နှစ်စဉ် ရင်ဆိုင်နေရပြီး အဆောက်အဦများ မပျက်စီးအောင် တက်နိုင်သလောက် ထိန်းသိမ်း စောင့်ရှောက်ကြရမည် ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကျောက်တော် တပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် တွေ့ဆုံစဉ်...
တီဟီရန်၊ ဇူလိုင် ၁၄ ရက် (ဆင်ဟွာ) အီရန်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဋ္ဌာန တာဝန်ရှိသူ တစ်ဦးက အီရန်နိုင်ငံ၏ ဒုံးကျည် အစီအစဉ်သည် နိုင်ငံ၏ အမျိုးသား အကျိုးစီးပွားကို အထောက်အကူ ဖြစ်စေပြီး ယင်းအစီအစဉ်ကို စွန့်လွှတ်သွားမည် မဟုတ်ကြောင်း Press TV ကဖော်ပြခဲ့သည်။
လန်ဒန်၊ ဇူလိုင် ၁၄ ရက် (ဆင်ဟွာ) ဘက်ကင်ဟမ် နန်းတော်၌ ဗြိတိန် ဘုရင်မကြီး အဲလိဇဘက်နှင့်အတူ လူပရိသတ်အား သက်သေပြုပြီးနောက် ပြည်ထဲရေး ဝန်ကြီး ထရီဆာမေ (Theresa May) သည် ဗြိတိန်နိုင်ငံ၏ ၁၃ ဦးမြောက် ဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။
ကုလသမဂ္ဂ ၊ ဇူလိုင် ၁၄ ရက် (ဆင်ဟွာ) ဘူရွန်ဒီနိုင်ငံ Bujumbura မြို့၌ ဇူလိုင်လ ၁၃ ရက်က ဘူရွန်ဒီနိုင်ငံ အရှေ့အာဖရိက အသိုင်းအဝိုင်းရေးရာ ဝန်ကြီးဌာန ဝန်ကြီး (ဟောင်း) Hafsa Mossi အား လုပ်ကြံ သတ်ဖြတ်လိုက်ခြင်း အပေါ် ကုလသမဂ္ဂ အထွေထွေ...
ရန်ကုန်၊ ဇူလိုင် ၁၄ ရက် (ဆင်ဟွာ) မြန်မာ့ပင်လယ်ပြင် ပိုင်နက်အတွင်း သတ်မှတ် ငါးဖမ်းရေယာဉ်များမှ အပ ခွင့်ပြုချက် မရှိသည့် ငါးဖမ်း ရေယာဉ်များကို ယခုလအတွင်းမှ စတင်ပြီး ထိရောက်စွာ အရေးယူသွားမည် ဖြစ်ကြောင်း ငါးလုပ်ငန်း ဦးစီးဌာန ထံမှ သိရသည်။