Connect with us

Science & Technology

ကော့မှူးမြို့နယ် သရက်တောကျေးရွာတွင် Multipurpose Terminal ဆိပ်ကမ်းတည် ဆောက်ရန် လျာထား

လျှပ်စစ်၊စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော် အားတွေ့ရစဉ် (ဓာတ်ပုံ--YRG)

ရန်ကုန်၊ ဇွန် ၁၄ ရက် (ဆင်ဟွာ)

ရန်ကုန် တိုင်းဒေသကြီးကော့မှူးမြို့နယ်၊ သရက်တောကျေးရွာတွင် Multipurpose Terminal ဆိပ်ကမ်း တည် ဆောက်ရန်လုပ်ငန်းစီမံကိန်း အစီရင်ခံစာနှင့် စပ်လျဉ်းပြီး လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေး ခဲ့မှုအပေါ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၊ ဒုတိယအကြိမ်၊ ဆဋ္ဌမပုံမှန်အစည်းအဝေး ၌ လျှပ်စစ်၊စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးကော့မှူးမြို့နယ်၊ သရက်တောကျေးရွာတွင် Multipurpose Terminal ဆိပ်ကမ်းတည်ဆောက်ရန် လုပ်ငန်းစီမံကိန်း အစီရင်ခံစာကို ဇွန်လ ၅ ရက်နေ့ ရန်ကုန်တိုင်းဒေသကြီး လွှတ် တော်အစည်းအဝေး၌ ရန်ကုန်တိုင်းဒေသကြီးအစိုးရကိုယ်စား ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦး ဇော်အေးမောင်က တင်သွင်းခဲ့ခြင်းဖြစ်သည်။

“ဆိပ်ကမ်းတည်ဆောက်ရန် လျာထားအဆိုပြုရခြင်းရဲ့ ရည်ရွယ်ချက်ကတော့ အဓိက စက်သုံးဆီများ တင်သွင်းသိုလှောင်ရန် အစီရင်ခံစာမှာ ဖော်ပြထားတဲ့အတိုင်း ဖြစ်ပါတယ်။ ကျွန်မတို့ရဲ့ မူလကနဦး လေ့လာစန်းစစ်ချက်များအရ စက်သုံးဆီလိုမျိုး အရည်များ တင်သွင်းမှုသည် ပြီး ခဲ့တဲ့ ၂၀၁၀မှာ မူလက ၁.၅၄ မီလီယံတန် ကနေပြီးတော့ ခြောက်နှစ်အကြာ ၂၀၁၆ မှာ ၄.၂၂ မီလီယံတန်ကို ရောက်ရှိခဲ့ပါတယ်။ ကွန်တိန်နာတွေရဲ့ အရေအတွက်ကတော့ ၂၀၁၀မှာ ဝ.၃၃ မီလီယံ (TEU) ကနေ ခြောက်နှစ်အကြာမှာ ၁.၀၆ မီလီယံအထိ ရောက်ခဲ့ပါတယ်။ လယ်ယာထွက်ကုန် တင်ပို့မှုက ခြောက်နှစ်အတွင်းမှာ ၂၀၁၀မှာ ၁.၅၃ မီလီယံ ကနေပြီး ၂.၆၆ မီလီယံတန်ကို တိုးတက်လာခဲ့ပါတယ်။ အဓိက ပို့နေတဲ့ ဆိပ်ကမ်းကတော့ ရန်ကုန် ဆိပ်ကမ်းသာလျှင်ဖြစ်ပါတယ်။ ဈေးကွက်ကိုလေ့လာ ချက်အရ စက်သုံးဆီကဲ့သို့သော ပစ္စည်းများ တင်သွင်းမှုသည် ၂၀၁၆ မှာ ၄.၂၂ မီလီယံ တန်ကနေပြီးတော့ ၂၀၃၀ ရောက်ရင် ၉.၁ မီလီယံတန်ကို ရောက်ရှိပါလိမ့်မယ်။ ကွန်တိန်နာ အလုံးရေက လည်း ၂၀၃၀ ရောက်ရင် ၃.၆သန်းအထိကို ရောက်ရှိပါလိမ့်မယ်။ လယ်ယာထွက်ကုန်တွေနဲ့ ပတ်သက်ရင် လည်း ၂၀၁၆မှာ ၂.၆၆ မီလီယံတန်ကနေပြီးတော့ ၂၀၃၀မှာ ၇.၀၅ မီလီယံတန်အထိ ရောက်ရှိဖို့ကို မှန်းဆထားချက်များ ရှိပါတယ်”ဟု ဝန်ကြီးကပြောသည်။

အဓိကအားဖြင့် မြန်မာနိုင်ငံတွင် ပင်လယ်ရေကြောင်းထွက်ကုန်များ၏ ၉၅%သည် ရန်ကုန်ဆိပ်ကမ်း ကသာ တင်သွင်းခြင်း၊ပို့ဆောင်ခြင်း ပြုလုပ်နေခြင်း ဖြစ်သည့်အတွက် ရန်ကုန်ဆိပ်ကမ်း၏ အခြေအနေကို တိုးမြှင့်ရန် မရှိမဖြစ် လိုအပ်နေသည့် အချက်အလက်ဖြစ်ကြောင်း သယ်ယူပို့ဆောင်ရေး စရိတ်စကနှင့် တည်မှီနေရသည့် စက်သုံးဆီများကို တင်သွင်းရန်နှင့် သိုလှောင်နိုင်ရန်သည် အဓိကအရေးကြီးသည့် အချက်ဖြစ်ကြောင်း ၎င်းက ပြောသည်။

“စက်သုံးဆီဆိုတဲ့နေရာမှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ယခု လက်ရှိအခြေအနေမှာ နှစ်စဉ် ဂါလံ သန်း(၇၀၀) သုံးစွဲနေရတာ သိုလှောင်နိုင်စွမ်းက ဂါလံ သန်း (၅၀) ကျော်ပဲ ရှိပါတယ်။ ယခု ကျွန်မတို့ အစီရင်ခံတင်ပြတဲ့ ဆိပ်ကမ်း ရဲ့အဓိက ကတော့ စက်သုံးဆီ များ ဖြစ်ပါတယ်”ဟု ဝန်ကြီးက ပြောသည်။

ယခုဆိပ်ကမ်းတည်ဆောက်ခြင်းသည် လက်ရှိဆိပ်ကမ်းများကို ထိခိုက်မည်မဟုတ်ဘဲ ကုန်စည် စီးဆင်းမှု ပိုမို လွယ်ကူမြန်ဆန်လာမည်ဖြစ်ကြောင်း၊ ထို့အပြင် မြို့ပြင် ပတ်လမ်းများနှင့် ချိတ်ဆက်ဆောင်ရွက်သွားမည် ဖြစ်သည့်အတွက် ယာဉ်ကြောကြပ်တည်းမှုကိုလည်း ဖြစ်ပေါ်စေမှာ မဟုတ်ကြောင်း၊ သယ်ယူပို့ဆောင်ရေးစရိတ်ကို လျော့ချနိုင်ရေးအတွက် အလွန်အရေးကြီးသည့် စက်သုံးဆီကို အဓိကထားမည့် ဆိပ်ကမ်းကိုတည်ဆောက်ရေးမှာ ပင်မ ကိစ္စတစ်ခုဖြစ်သည့် မြေယာကိစ္စကိုလည်း ပွင့်လင်းမြင်သာစွာ စနစ်တကျ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မြေယာလျော်ခြင်း၊ သီးနှံလျော်ခြင်း၊ ပြန်လည်နေရာချထားခြင်း၊ လူမှုဘဝများကို မြှင့်တင်ပေးခြင်း၊ အလုပ်အကိုင် အခွင့်အလမ်းများကို ဖန်တီးပေးခြင်းတို့ကို စနစ်တကျ နိုင်ငံတကာ စံချိန်၊စံညွှန်းနှင့် အညီ ဆောင်ရွက်သွားမည် ဖြစ်သည့် အတွက် ဒေသတစ်ခုလုံး ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ နိုင်ငံတကာတွင် မြစ်တွင်းဆိပ်ကမ်းများကို ပင်လယ်ဘက်သို့ ရွှေ့ပြောင်းကြရိုး ထုံးစံဖြစ်ကြောင်း ယခု ရွေးချယ်ထားသည့် နေရာသည် အရှေ့ဘက်တွင် ရန်ကုန်မြစ်၊ အနောက်ဘက်တွင် ဧရာဝတီမြစ်မှ ဆက်စပ်လာသည့် တိုးမြစ်၊ မြောက်ဘက်တွင် ရန်ကုန်မြစ်နှင့် လှိုင်မြစ်၊ တောင်ဘက်တွင် ပင်လယ်ကမ်းရိုးတန်းကြီးရှိနေသည့် ဒလ၊ တွံတေး၊ ကော့မှုး၊ ကွမ်းခြံကုန်းတို့ တည်ရှိနေသည့်အတွက် ရေကြောင်းပို့ဆောင်ရေးကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်လိုသည့်ဒေသဖြစ် ကြောင်း ဝန်ကြီးက ပြောသည်။

“ ပြည်သူ့လွှတ်တော် နဲ့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ကြီးများရဲ့ ကြိုးပမ်းမှုနဲ့အတူ ဂျပန်နိုင်ငံ JICA နဲ့ MLIT မှ လျာထားချက်များ အရ ရန်ကုန်မြစ်ကိုဖြတ်ပြီးတော့ အရှေ့နှင့် အနောက် ဆက်သွယ်မည့်တံတားကြီးများ ပေါ်ပေါက်လာဖို့ရှိပါတယ်။ ဒီဆိပ်ကမ်းက ပိုလို့ပင် အကျိုး ဖြစ်ထွန်းလာမှာ ဖြစ်ပါတယ်။ မကြာခင် စတင်ဆောင်ရွက်တော့မယ့် ဒလ တံတားနဲ့လည်း လမ်းကြောင်းချိတ်ဆက်ထားမှာ ဖြစ်ပါတယ်။ ယခုအခါမှာ ရန်ကုန်မြစ်အတွင်းကို တန်ချိန်နည်းသော သင်္ဘောများသာ တန်ချိန် (၂)သောင်းအထိသာလျှင် ဝင်ထွက်နိုင်တဲ့အတွက် အိမ်နီ်းချင်းနိုင်ငံ ဆိပ်ကမ်းများမှ တစ်ဆင့် ကဲ့ သယ်နေတဲ့အတွက် logistics (သယ်ယူပို့ဆောင်စားရိတ်) ဈေးနှုန်းများ မြင့်တက်ရခြင်းပဲ ဖြစ်ပါတယ်”ဟု ဝန်ကြီးက ပြောသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117