Connect with us

Social

ရခိုင်ပြည်နယ် အတွင်း ရေလမ်းခရီး အသုံးပြုရသော ကျောင်းသား/သူ များအတွက် အသက်ကယ်အင်္ကျီများ ထောက်ပံ့ ပေးအပ်

ရခိုင်ပြည်နယ် တွင် ရေလမ်းခရီးကို အသုံးပြု၍ ကျောင်းတက် ကျောင်းဆင်းရသော ကျောင်းသား ကျောင်းသူများအတွက် အသက်ကယ် အင်္ကျီများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားအား တွေ့ ရစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန် ၊ ဇွန် ၁၄ ရက်(ဆင်ဟွာ)

ရခိုင်ပြည်နယ်အတွင်းရှိရေလမ်းခရီးဖြင့် ကျောင်းတက်၊ ကျောင်းဆင်း ပြုလုပ် ရသောကျောင်းသား၊ ကျောင်းသူ ၄၂၇၂ ဦးအတွက် အသက်ကယ်အင်္ကျီ ၄၂၇၂ ထည်အား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာ ချထားရေး ဝန်ကြီးဌာနမှ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ သတင်း ထုတ်ပြန်မှု အရ သိရသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ရခိုင်ပြည်နယ်တွင် ယခင်နှစ်များက မိုးတွင်း အချိန်ကာလတွင် စက်လှေနစ်မြုပ်၍ ကျောင်းသား ၊ ကျောင်းသူများ အသက် ဆုံးရှုံးခဲ့ရသော ဖြစ်စဉ်များ ဖြစ်ပွားဖူးကြောင်း ၊ ထိုကြောင့် ကြိုတင် ပြင်ဆင်သည့် အနေဖြင့် အသက်ကယ် အင်္ကျီများ ထောက်ပံ့ပေးခြင်း ဖြစ်ကြောင်း ၊ အသက်ကယ် အင်္ကျီ ဝတ်ဆင်၍ လှေစီး သည့် အလေ့အထကို ပုံမှန် အကျင့်တစ်ခု ဖြစ်သည် အထိ ဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားသည်။

ရခိုင်ပြည်နယ် တွင် ရေလမ်းခရီးကိုအသုံးပြု၍ ကျောင်းတက် ကျောင်းဆင်းရသော ကျောင်းသား ကျောင်းသူ များ ဘေးအန္တရာယ်ကင်းရှင်းစေရေး အတွက် အသက်ကယ် အင်္ကျီများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို စစ်တွေမြို့ ဦးဥတ္တမခန်းမ၌ ဇွန် ၁၃ ရက်တွင် ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီးက ထိုကဲ့သို့ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုက လက်တွေ့ အသုံးတည့်ပြီး အကျိုးရှိသည့် ထောက်ပံ့မှုဖြစ်ကြောင်း ၊ မှန်မှန် ကန်ကန် သုံးစွဲသွားရန် အရေးကြီးကြောင်း ၊ ကျောင်းသား၊ ကျောင်းသူများသည် ပြည်နယ်၏ အနာဂါတ် ဖြစ်သဖြင့် လုံခြုံစွာ ပညာ သင်ကြားနိုင်ရန် အရေးကြီးကြောင်း ၊ အခြား လိုအပ်ချက်များကိုလည်း သေချာစွာ လေ့လာ ဆန်းစစ်မှု ပြုလုပ်၍ ဆက်လက် ထောက်ပံ့ပေးစေလိုကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

ရခိုင်ပြည်နယ်အတွင်းရှိရေလမ်းခရီးဖြင့် ကျောင်းတက် ၊ ကျောင်းဆင်း ပြုလုပ်ရသော ကျောင်းသား၊ ကျောင်းသူ များအတွက် အသက်ကယ်အင်္ကျီများအား ပြည်ထောင်စုဝန်ကြီး ကထောက်ပံ့ပေး အပ်ရာ ပြည်နယ် ပညာရေးမှူး က လက်ခံရယူခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117