ရန်ကုန်၊ မေ ၁၁ ရက် (ဆင်ဟွာ) ပုဂံဒေသရှိ ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သော ဘုရားပုထိုး ၃၀၈ ဆူ ပြုပြင်ထိန်းသိမ်းပြီးဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန၏ ထုတ်ပြန် ချက်အရ သိရသည်။
ဂျေရုစ်စလင် ၊ မေ ၁၁ ရက် (ဆင်ဟွာ) အစ္စရေး နိုင်ငံ ဝန်ကြီးချုပ် Benjamin Netanyahu က အစ္စရေး နိုင်ငံ ကို ပစ်မှတ်ထား တိုက်ခိုက်သည့် မည်သည့် တိုက်ခိုက်သူ မဆို အစ္စရေး နိုင်ငံ အနေဖြင့် ဆတိုး တုံ့ပြန် တိုက်ခိုက်သွားမည်...
ဝါရှင်တန်၊ မေ ၁၁ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်သည် မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင် ကင်ဂျုံအန်းနှင့် ဇွန်လ ၁၂ ရက်တွင် စင်ကာပူနိုင်ငံ၌ တွေ့ဆုံမည် ဖြစ်ကြောင်း မေလ ၁၀ ရက်က ၎င်း၏ တွစ်တာအကောင့်မှတစ်ဆင့် ပြောကြားခဲ့သည်။
ရန်ကုန်၊ မေ ၁၁ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ် အတွင်း မေ ၉ ရက် ညနေ ၃ နာရီခွဲတွင် ကောင်းခါးကျေးရွာ၏ တောင်ဘက် မီတာ ၂ဝဝဝ ခန့်အကွာရှိ လိုဏ်ဂူတစ်ခုအတွင်းမှ လက်နက်၊ ခဲယမ်းများနှင့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် အက်စစ်များ သိမ်းဆည်းရမိကြောင်း...
ရန်ကုန်၊ မေ ၁၁ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် ၁၅ ဦးနှင့် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် ရဲတပ်ကင်းစခန်းမှ လုံခြုံရေးတပ်ဖွဲ့ဝင် ၁၅ ဦးတို့သည် မိမိတို့နိုင်ငံအသီးသီးအတွင်းရှိ နယ်စပ်ခြံစည်းရိုးလမ်းအတိုင်း နှစ်နိုင်ငံနှစ်ဘက်ညှိနှိုင်း၍ မြေပြင်လှည့်ကင်းဆောင်ရွက်လျက်ရှိကြကြောင်း သတင်းထုတ်ပြန်ရေးကော်မတီက မေ ၁၀ရက်က ထုတ်ပြန်သော သတင်းအရ သိရသည်။