Connect with us

Politics, Law & Military

ကွတ်ခိုင်မြို့ရှိ လိုဏ်ဂူတစ်ခုအတွင်းမှ လက်နက်၊ ခဲယမ်းများနှင့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် အက်စစ်များ သိမ်းဆည်းရမိ

လိုဏ်ဂူတစ်ခုအတွင်းမှ ဖမ်းဆီးရမိသော လက်နက်၊ ခဲယမ်းများနှင့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် အက်စစ်များအား တွေ့ရစဉ်(ဓာတ်ပုံ- တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး)

ရန်ကုန်၊ မေ ၁၁ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ် အတွင်း မေ ၉ ရက် ညနေ ၃ နာရီခွဲတွင် ကောင်းခါးကျေးရွာ၏ တောင်ဘက် မီတာ ၂ဝဝဝ ခန့်အကွာရှိ လိုဏ်ဂူတစ်ခုအတွင်းမှ လက်နက်၊ ခဲယမ်းများနှင့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် အက်စစ်များ သိမ်းဆည်းရမိကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များသည် တောင်ကမ်းပါးယံသို့ ရောက်ရှိစဉ် သစ်ချောင်းများ၊ မိုးကာစနှင့် မြေကြီးတို့ဖြင့် ဖုံးအုပ်ထားသည့် နေရာတစ်ခုကို တွေ့ရှိသဖြင့် ရှင်းလင်းစစ်ဆေးရာ အကျယ် ၁၅ ပေ၊ အရှည် ၅ဝ ပေခန့်ရှိ လိုဏ်ဂူတစ်ခုကို တွေ့ရှိရပြီး လိုဏ်ဂူအတွင်းမှ မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုသည့် အက်စစ်များ ထည့်ထားသော ၅ဝ ဂါလန်ဝင်ပလတ်စတစ် ပီပါ ၁ဝဝ လုံး၊ သံပီပါ ၂၅ လုံး၊ ၅ ဂါလန်ဝင် ပလတ်စတစ်ပုံး ၃၃ဝ လုံး၊ပစ္စတိုတစ်လက်၊ ၎င်းကျည်အိမ် တစ်ခုနှင့် ၎င်းကျည်လေးတောင့်တို့ကို တွေ့ရှိသိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။

အဆိုပါ သိမ်းဆည်းရမိ ပစ္စည်းများအား ကွတ်ခိုင်မြို့ရှိ မူးယစ်တပ်ဖွဲ့စုသို့ စနစ်တကျ လွှဲပြောင်း အပ်နံှသွားမည်ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.