ရန်ကုန် ၊ မတ် ၉ ရက် (ဆင်ဟွာ) တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ယနေ့မတ်လ ၉ ရက်မှ စတင်၍ တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ဖြေဆို နေကြပြီ ဖြစ်ရာ ပထမနေ့ဖြစ်သည့် မြန်မာစာမေးခွန်း စတင်ဖြေဆိုသည့်နေ့တွင် ကျောင်းသား/သူတိုင်း အဆင်ပြေ လွယ်ကူချောမွေ့စွာ ဖြေဆိုနိုင်ကြောင်း သိရသည်။
ရန်ကုန်၊ မတ် ၉ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံရောက် တရုတ်အမျိုးသမီးများ အသင်းသည် ၂၀၁၆ ခုနှစ် မတ်လ ၈ ရက်တွင် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့နှင့် မြန်မာနိုင်ငံရောက် တရုတ်အမျိုးသမီးများ အသင်း တည်ထောင်ခြင်း နှစ် ၇ဝ ပြည့် ဂုဏ်ပြု ညစာ စားပွဲကို ရန်ကုန်မြို့တွင်...
ရန်ကုန် ၊ မတ် ၉ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ၌ နိုင်ငံခြားသား အမြဲနေထိုင်ခွင့် (Permanent Residence System-PR System)အား စိစစ် ခွင့်ပြုလျှက်ရှိရာ ယခုအချိန် အထိ ၂၂၄ ဦးအား ခွင့်ပြုပေးထားပြီး ဆက်လက်၍ လျှောက်ထားသူ ၄၀ ဦးအား စိစစ် သုံးသပ်လျှက်...
ဂျာကာတာ၊ မတ် ၉ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံသည် နေကြတ်ခြင်းအား မတ်လ ၉ ရက်နေ့က အပြည့်အဝ မြင်တွေ့ခွင့်ရခဲ့ကြောင်းနှင့် အဆိုပါနေကြတ်ခြင်းသည် နိုင်ငံ၏ အနောက်ဘက်ဆုံးအပိုင်းမှ စတင်ခဲ့ပြီး နိုင်ငံ၏ အရှေ့ဘက်ဆုံးအပိုင်းတွင် ပြီးဆုံးခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
ရန်ကုန် ၊ မတ် ၈ ရက်(ဆင်ဟွာ) လာမည့် အစိုးရသစ် လက်ထက်တွင် တရုတ်-မြန်မာ ဆက်ဆံရေးသည် ပိုမို ကောင်းမွန်လာရန်သာ ရှိကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ဗဟိုကော်မတီဝင် မုံရွာအောင်ရှင်က ယနေ့မတ် ၈ ရက်တွင် ဆင်ဟွာသို့ပြောကြားခဲ့သည်။