Connect with us

Politics, Law & Military

ဒိုမီနီကန် နိုင်ငံ နှင့် တရုတ် နိုင်ငံ သံတမန် ဆက်ဆံရေး ထူထောင်ကြောင်း ထုတ်ပြန်ကြေညာ

တရုတ် နိုင်ငံ နိုင်ငံတော် ကောင်စီဝင် ၊ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိ နှင့် ဒိုမီနီကမ် နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး Miguel Vargas တို့က ပူးတွဲကြေညာစာတမ်းတွင် လက်မှတ်ရေးထိုးစဉ်(ဆင်ဟွာ)

ပနားမားစီးတီး ၊ မေ ၁ ရက် (ဆင်ဟွာ)

ဒိုမီနီကန် နိုင်ငံ အစိုးရ က ဧပြီလ ၃၀ ရက်နေ့ ညပိုင်း အချိန်တွင် တရုတ် နိုင်ငံ နှင့် သံတမန် ဆက်ဆံရေး စတင် ထူထောင်ကြောင်း ထုတ်ပြန် ကြေညာ ခဲ့သည်။

ဒိုမီနီကန် နိုင်ငံ အစိုးရ ဥပဒေ ရေးရာ အကြံပေး ပုဂ္ဂိုလ် Flavio Dario Espinal က ဧပြီလ ၃၀ ရက်နေ့ ညပိုင်း အချိန်တွင် သမ္မတ အိမ်တော် တွင် သတင်းစာရှင်းလင်းပွဲ တစ်ရပ် ပြုလုပ်ခဲ့ပြီး ဒိုမီနီကန် နိုင်ငံ အစိုးရ ထုတ်ပြန်ချက်ကို ကြေညာ ခဲ့သည်။ ၎င်း က ယခု ဆုံးဖြတ်ချက် သည် ကာလရှည်ကြာစွာ သုံးသပ် ခဲ့ပြီး နိုင်ငံရေး နှင့် စီးပွားရေး ကဏ္ဍ အသီးသီး တို့၏ ညှိနှိုင်းမှု မှ ရရှိလာသည့် ဆုံးဖြတ်ချက် တစ်ခု ဖြစ်ပြီး ဒိုမီနီကန် နိုင်ငံ ပြည်သူလူထု တို့၏ လိုအပ်ချက်ကို အခြေခံ၍ အနာဂတ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆုံးဖြတ်ချက် တစ်ခု ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ဒိုမီနီကန် အစိုးရ ၏ ထုတ်ပြန်ချက်တွင် ဒိုမီနီကန် နိုင်ငံ အနေဖြင့် တရုတ် နိုင်ငံ တစ်ခု တည်း တည်ရှိခြင်း ကို လက်ခံထားပြီး ထိုင်ဝမ် မှာ တရုတ် နိုင်ငံ ၏ အချုပ်အခြာအာဏာ ပိုင်နက် နယ်မြေ တစ်ခု အဖြစ်သာ လက်ခံကြောင်း ဖော်ပြထားသည်။

ထုတ်ပြန်ချက်တွင် တရုတ် နိုင်ငံ နှင့် သံတမန် ဆက်ဆံရေး တည်ထောင်ခြင်း က ဒိုမီနီကန် နိုင်ငံ အတွက် လွန်စွာ ထိရောက် သည့် သက်ရောက်မှုများ ဖြစ်လာမည် ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံ သည် လက်ရှိချိန်တွင် ကမ္ဘာ့ ဒုတိယ အကြီးဆုံး စီးပွားရေး အသိုက်အဝန်း တစ်ခု ဖြစ်ပြီး ကာလတစ်လျှောက် ဒိုမီနီကန် နိုင်ငံ စီးပွားရေး လုပ်ငန်းရှင် များက တရုတ် နိုင်ငံ နှင့် နိုင်ငံခြားရေး နှင့် ကုန်သွယ်ရေး ဆိုင်ရာ ဆက်ဆံရေး ကို တိုးမြှင့်သွားရန် တိုက်တွန်း ခဲ့ကြကြောင်း ၊ လက်ရှိချိန်တွင် တရုတ် နိုင်ငံ သည် ဒိုမီနီကန် နိုင်ငံ ၏ ဒုတိယ အကြီးဆုံး သွင်းကုန် အရင်းအမြစ် နိုင်ငံဖြစ်ပြီး နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး ထူထောင်ပြီးနောက် တွင် နှစ်နိုင်ငံ ကုန်သွယ်ရေး ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အလားအလာ မှာ ပိုမို ကြီးမားလာမည်ဖြစ်ကြောင်း ၊ ဒိုမီနီကန် နိုင်ငံ ၏ နိုင်ငံခြားရေး မူဝါဒ မှာလည်း တရုတ် နိုင်ငံ နှင့် သံတမန် ဆက်ဆံရေး ထူထောင်ပြီးနောက်တွင် ခေတ်သစ် တစ်ခု သို့ရောက်ရှိလာမည် ဖြစ်ကြောင်း ပါဝင် ခဲ့သည်။

တရုတ် နိုင်ငံ နိုင်ငံတော် ကောင်စီဝင် ၊ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိ နှင့် ဒိုမီနီကန် နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး Miguel Vargas တို့က မေလ ၁ ရက်နေ့ နံနက်ပိုင်း အချိန်တွင် ပေကျင်းမြို့၌ “တရုတ်-ဒိုမီနီကန် သံတမန် ဆက်ဆံရေး ထူထောင်ခြင်း ဆိုင်ရာ ပူးတွဲကြေညာစာတမ်း” တွင် လက်မှတ်ရေး ထိုးခဲ့ကြပြီး ပူးတွဲကြေညာစာတမ်း လက်မှတ်ရေးထိုးသည့် နေမှ စတင်၍ နှစ်နိုင်ငံ အကြား သံအမတ်ကြီး အဆင့် သံတမန် ဆက်ဆံရေး ထားရှိသွားမည် ဖြစ်ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.