Connect with us

Asia

ဘင်္ဂလားဒေ့ရှ် တွင် နှစ်ရက်အတွင်း မိုးကြိုးပစ်မှုကြောင့် အနည်းဆုံး လူ ၃၀ဦးသေဆုံး

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ယခင်က ဖြစ်ပွားခဲ့သည့် မိုးကြိုးပစ်မှုများအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဒါကာ၊ မေ ၁ ရက် (ဆင်ဟွာ)

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရှိ နေရာဒေသများတွင် ဧပြီ ၃၀ရက်က မိုးကြိုးပစ်မှုများကြောင့် လူ ၁၄ဦးကျော် သေဆုံးခဲ့ကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ၏ နေရာအနှံ့အပြားတွင် ဧပြီ ၃၀ ရက် နံနက်ပိုင်းက အနောက်မြောက်ဘက်မှ လာသော လေပြင်းမုန်တိုင်းများ ပြင်းထန်စွာ တိုက်ခတ်ခဲ့ပြီးနောက် ၂၄နာရီ သတင်းရုပ်သံလိုင်းတစ်ခု ဖြစ်သော Somoy TV က သေဆုံးသူစာရင်း အား ဖော်ပြခဲ့ခြင်းဖြစ်သည်။

မိုးကြိုးပစ်မှုကြောင့် သေဆုံးသူ အများစု သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကျေးလက်ဒေသများမှ ဖြစ်ကြောင်း သိရသည်။

မြို့တော် ဒါကာမြို့တွင်လည်း ဧပြီ ၃၀ ရက် နံနက်ပိုင်းက လေပြင်းများ၊ လျှပ်စီးလက်မှုများနှင့် အတူ မိုးထစ်ချုန်း ရွာသွန်းခဲ့ကြောင်း သိရသည်။

ကပ္ပလီပင်လယ်ပြင် နှင့် အနီးတစ်ဝိုက်တွင် မုတ်သုံလေများ များပြားစွာ ဖြစ်ပေါ်လာသောကြောင့် ဧပြီ ၃၀ ရက် နံနက်ပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းမှုဖြစ်ပွားခဲ့ပြီး ဒါကာမြို့ ရှိ လမ်းများ နှင့် မြေနိမ့်ဧရိယာများ တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ မိုးလေဝသဌာန ၏ ဧပြီလ ၃၀ ရက် ထုတ်ပြန်ချက်အရ မိုးသည်းထန်စွာ ရွာသွန်းမှုသည် တစ်နိုင်ငံလုံး ၌ နောက်ထပ် ၄၈နာရီအထိ ဆက်လက်ရွာသွန်းမည်ဟု ခန့်မှန်းထားကြောင်း သိရသည်။

ဆေးရုံသတင်းရင်းမြစ်များက ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ နေရာအနှံ့အပြားတွင် ဧပြီ၂၉ရက်က မိုးကြိုးပစ်မှုများကြောင့် အနည်းဆုံး လူ ၁၆ဦးသေဆုံးခဲ့ကြောင်း ပြောကြားခဲ့သည်။

နှစ်တစ်နှစ်၏ ခြောက်သွေ့ရာသီမှ မိုးဦးရာသီသို့ အကူးအပြောင်းကာလတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ၌ မိုးကြိုးပစ်မှုကြောင့် လူသေဆုံးမှုသည် ဖြစ်လေ့ဖြစ်ထရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.