ရန်ကုန်၊ ဧပြီ ၁၀ရက် (ဆင်ဟွာ) ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနသည် E-Band (Uplink 71.125 GHz~75.875 GHz, Downlink 81.125 GHz ~ 85.875 GHz) အတွင်းရှိလှိုင်းနှုန်းများအား ITU Recommendation နှင့်အညီ 250 MHz Bandwidth ရှိသော Channel...
ရန်ကုန်၊ ဧပြီ ၁၀ ရက် (ဆင်ဟွာ) ယခုနှစ် မန္တလေးသြင်္ကန်ပွဲတော်တွင် မန္တလေးမြို့တော် မဟာသြင်္ကန်ဗဟို မဏ္ဍပ်ကြီးအပါအဝင် ကျုံးပတ်လည်၌ ရေကစားမဏ္ဍပ် ၁၆ ခု ဆောက်လုပ်၍ ပါဝင်ဆင်နွှဲသွားမည် ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်အရသိရသည်။
ရန်ကုန်၊ ဧပြီ ၁၀ ရက် (ဆင်ဟွာ) မွန်ပြည်နယ် ရေးမြို့နယ် မြောက်ပိုင်းဒေသရှိ ကျေးရွာ ၂ဝ ခန့်တွင် လျှပ်စစ်မီး စတင်ဖြန့်ဖြူးပေးနေကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန် ၊ ဧပြီ ၁၀ ရက်(ဆင်ဟွာ) ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည် ပုဂံဘုရားစေတီများ အနက် ၃ဝ၂ ဆူ ပြုပြင် ပြီးစီးကာ ရာခိုင်နှုန်း အားဖြင့် ၈၀ ရာခိုင်နှုန်းခန့်ပြုပြင်ပြီးစီးခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနမှ ထုတ်ပြန်သော သတင်း အရ သိရသည်။
ဝါရှင်တန် ၊ ဧပြီ ၁၀ ရက်(ဆင်ဟွာ) အမေရိကန်ပြည်ထောင်စုစုံစမ်းစစ်ဆေးရေးဗျူရို(FBI) က ဧပြီလ ၉ ရက်တွင် သမ္မတဒေါ်နယ်ထရမ့်၏ ကိုယ်ရေးရှေ့နေဖြစ်သူ Michael Cohen ၏ ရုံးခန်းအား ဝင်ရောက်စီးနင်းပြီး လူကြီးကြိုက် အပြာကားရုပ်ရှင်သရုပ်ဆောင်မင်းသမီးအား ငွေကြေးပေးခဲ့သော ဖြတ်ပိုင်းစာရွက်အပါအဝင် အခြားဆက်စပ်သော စာရွက်စာတမ်းများစွာကို သိမ်းဆည်းရမိခဲ့ကြောင်း အမေရိကန်သတင်းမီဒီယာက ရေးသားဖော်ပြခဲ့သည်။