ရန်ကုန်၊ ဇွန် ၁၄ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီးမော်လိုက်မြို့နယ်၊ မင်းကင်းမြို့နယ်နှင့် ပဲခူးတိုင်းဒေသကြီး မဒေါက်မြို့အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် အထူးသတိပြု နေထိုင်ကြပါရန် မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့ သတင်းထုတ်ပြန်သည်။
ဝါရှင်တန် ၊ ဇွန် ၁၄ ရက်(ဆင်ဟွာ) မြောက်ကိုရီးယား၏ နျူကလီးယားဖျက်သိမ်းရေး အဓိကလုပ်ငန်းစဉ်များကို လာမည့် ၂နှစ်ခွဲအတွင်း လုပ်ဆောင်သွားနိုင်ဖို့မျှော်လင့်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeoက ဇွန်လ ၁၃ ရက်တွင် ပြောကြားခဲ့သည်။
ရန်ကုန်၊ ဇွန် ၁၄ ရက် (ဆင်ဟွာ) ၂၀၁၈-၂၀၁၉ ပညာသင်နှစ် ၏ သတင်းအချက်နည်းပညာတက္ကသိုလ် ပထမနှစ်သင်တန်းဝင်ခွင့်ခေါ်ယူခြင်းနှင့် တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာပုံစံအား သတင်းအချက်နည်းပညာတက္ကသိုလ်တွင်လည်းကောင်း၊ ပညာရေးဝန်ကြီးဌာန ၏ဝက်ဆိုက် www.myanmar-education.edu.mm တွင်လည်းကောင်း၊ သတင်းအချက်အလက်နည်းပညာတက္ကသိုလ် ဝက်ဆိုက် www.uit.edu.mm တွင်လည်းကောင်း Download လုပ်၍ရယူနိုင်ကြောင်း ပညာရေးဝန်ကြီးဌာန မှယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဇွန် ၁၄ ရက် (ဆင်ဟွာ) ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်တွင် ဇွန် ၁၃ ရက် ဘူးကလိန်ချောင်း ကမ်းပါးပြိုကျရာမှ လူတစ်ဦးချောင်းအတွင်း မျောပါပျောက်ဆုံးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
မော်စကို၊ ဇွန် ၁၄ ရက် (ဆင်ဟွာ) မော်စကိုနိုင်ငံတွင် ပြုလုပ်သည့် ၆၈ ကြိမ်မြောက် FIFA Congress တွင် မဲစနစ်ဖြင့် ရွေးချယ်ရာတွင် မော်ရိုကိုနိုင်ငံကို အနိုင်ရရှိသွားခဲ့ပြီး အမေရိကန်၊ ကနေဒါနှင့် မက္ကဆီကို နိုင်ငံများက ၂၀၂၆ ခုနှစ် ဖီဖာ ကမ္ဘာ့ဖလားပွဲအား အိမ်ရှင်အဖြစ် ပူးတွဲကျင်းပခွင့်ရရှိသွားခဲ့ကြောင်း...