ရန်ကုန်၊ ဇွန် ၁၄ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ရန်ပုံငွေရင်းနှီးမြုပ်နှံထားသော လုပ်ငန်းများနှင့် ပတ်သက်၍ ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေအရ ရန်ကုန်တိုင်းဒေသကြီးစာရင်းစစ်ချုပ်ရုံးမှတစ်ဆင့် ဥပဒေအတိုင်းတာဝန်ယူ ဆောင်ရွက်လျက်ရှိသလို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးကလည်း ယင်းဥပဒေအရ အစစ်အဆေးခံလျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက ပြောကြားသည်။
ဝါဆော ၊ ဇွန် ၁၄ ရက်(ဆင်ဟွာ) ပိုလန်နိုင်ငံ အနောက်မြောက်ပိုင်း Szczecinမြို့အနီးတွင် ဇွန်လ ၁၃ ရက်က ထရပ်ကားနှင့် ခရီးသည်တင် ရထားတစ်စီး တိုက်မိမှုကြောင့် လူ ၁ ဦးသေဆုံးပြီး ၂၈ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
နေပြည်တော်၊ ဇွန် ၁၄ ရက် (ဆင်ဟွာ) ပညာသင်ကြားရာ သင်ယူရာတွင် သီအိုရီပိုင်းကို ကောင်းစွာ နားလည် သဘောပေါက်ပြီး နည်းပညာ နှင့် ပူးပေါင်း သင်ကြားမည်ဆိုလျှင် အမှန်တကယ် အောင်မြင်သည့် သင်ကြား သင်ယူမှုကို ဖြစ်စေမှာ ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက ယနေ့...
နေပြည်တော် ၊ ဇွန် ၁၄ ရက်(ဆင်ဟွာ) နေပြည်တော် လယ်ဝေးမြို့နယ် နှင့် တပ်ကုန်းမြို့နယ် တို့ရှိ ကျေးရွာ နှစ်ရွာတွင် ကျေးရွာအဆင့် ဆင်းရဲမှု လျှော့ချရေး စံပြ စီမံကိန်း လုပ်ငန်းများအား စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက် ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီး...
မာလီ၊ ဇွန် ၁၄ ရက် (ဆင်ဟွာ) မော်လ်ဒိုက်နိုင်ငံ ရာဇဝတ်တရားရုံး က မော်လ်ဒိုက်သမ္မတဟောင်း Maumoon Abdul Gayoom သည် ဝတ္တရားနှောင့်ယှက်မှုဖြင့် အပြစ်ရှိကြောင်း ထင်ရှားသဖြင့် ၎င်းအား ဇွန် ၁၃ ရက်တွင် ထောင်ဒဏ် ၁၉လ ချမှတ်ခဲ့ကြောင်း သိရသည်။