နေပြည်တော်၊ မေလ ၉ ရက် (ဆင်ဟွာ) နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီဝင် ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ဝန်ကြီး ကျောက်ခဲ့ကျစ် အား မေလ ၉ ရက်နေ့က နေပြည်တော်၌ လက်ခံတွေ့ဆုံခဲ့ကြောင်း သိရှိရသည်။
ရန်ကုန်၊ မေ ၉ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီးသည် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ၏ စီးပွားရေးဗဟိုချက်မဖြစ်ပြီး တစ်နိုင်ငံလုံး GDP ၏ ၂၃ ရာခိုင်နှုန်း ရှိကြောင်း ရန်ကုန်ရင်းနှီးမြှုပ်နှံမှုဖိုရမ် ၂၀၁၈ တွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန မှ ညွှန်ကြားရေးမှူးချုပ်ဦးအောင်နိုင်ဦး၏ ဆွေးနွေးချက်အရသိရသည်။
ရန်ကုန်၊ မေ ၉ ရက် (ဆင်ဟွာ) Yangon Investment Forum 2018 (ရန်ကုန်ရင်းနှီးမြှုပ်နှံမှုဖိုရမ် ၂၀၁၈ ) ကို ရန်ကုန်မြို့ ရှိ နိုဗိုတယ်ဟိုတယ်တွင် ယနေ့ကျင်းပခဲ့ပြီး မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ၊ စီမံကိန်း နှင့်ဘဏ္ဍာရေးဝန်ကြီး ဦးကျော်ဝင်းမှ မောင်းထု၍ ရင်းနှီးမြှုပ်နှံမှုဖိုရမ်အားဖွင့်လှစ်ပေးခဲ့သည်။
ကဘူးလ်၊ မေ ၉ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ မြို့တော် ကဘူးလ်တွင် ယနေ့ (မေလ ၉ ရက်က) အကြမ်းဖက်တိုက်ခိုက်မှုနှစ်ခု ဆက်တိုက်ဖြစ်ပွားခဲ့ရာ လူပေါင်းများစွာ သေဆုံးပြီး ဒဏ်ရာရသူအချို့ရှိခဲ့ကြောင်း မျက်မြင်သက်သေများနှင့် သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။
ဂျာကာတာ၊ မေ ၉ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျာကာတာမြို့ အစွန်အဖျား ရှိ အကျဉ်းထောင်တစ်ခုတွင် စစ်သွေးကြွ အကျဉ်းသားများ နှင့် ရဲတပ်ဖွဲ့ဝင်များ အကြား ပဋိပက္ခများဖြစ်ပွားခဲ့ရာ ရဲတပ်ဖွဲ့ဝင် ၅ဦး နှင့် အကျဉ်းသား တစ်ဦးသေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ ကပြောကြားခဲ့သည်။