ဝါရှင်တန် ၊ မေလ ၂ ရက်(ဆင်ဟွာ) အမေရိကန်က နိုင်ငံတကာမဟာမိတ်တပ်ဖွဲ့၊ ဒေသခံတပ်ဖွဲ့များနှင့်အတူ ဆီးရီးယားရှိ IS အစွန်းရောက် တပ်ကျန် များကို ပစ်မှတ်ထားတိုက်ခိုက်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေး ဆိုခွင့်ရှိသူ Heather Nauertက မေလ ၁ ရက်က ထုတ်ဖော်ပြောကြားခဲ့သည်။
ပေကျင်း ၊ မေ ၂ ရက် (ဆင်ဟွာ) အမေရိကန်သမ္မတ၏ အထူးကိုယ်စားလှယ်လည်း ဖြစ်သူ အမေရိကန်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ကြီး Steven Mnuchin ဦးဆောင်သော အမေရိကန်ကိုယ်စားလှယ်အဖွဲ့တစ်ခု၏ တရုတ်နိုင်ငံသို့လာရောက်လည်ပတ်မည့် အစီအစဉ်ကို တရုတ်နိုင်ငံက ကြိုဆိုလိုက် ကြောင်း သိရသည်။
ဟာဘင်၊ မေ ၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သည် ဆိုက်ဘေးရီးယားနိုင်ငံ နှင့် ကပ်လျက် အရှေ့မြောက်ပိုင်း ဧရိယာ၌ ၎င်း၏ အရှည်ဆုံး မြန်နှုန်းမြင့် ရထားလမ်းအား ဖွင့်လှစ်သွားရန် မျှော်လင့်ထားကြောင်း သိရသည်။
ရန်ကုန်၊ မေ ၂ ရက် (ဆင်ဟွာ) ကပ္ပလီ ပင်လယ်ပြင်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် မြောက်-အရှေ့မြောက် ဘက်သို့ ရွေ့လျားခဲ့ပြီး၊ မုတ္တမကွေ့အနီးတွင် ဆက်လက် တည်ရှိနေကြောင်း၊ အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် နောက်(၁၂)နာရီအတွင်း ကုန်းတွင်းသို့ ဝင်ရောက်မည်ဟု ခန့်မှန်းရကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ သတင်းထုတ်ပြန်သည်။