ရန်ကုန်၊ မေ ၃၁ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဒဂုံစက်မှုဇုန်တွင် ပထမဦးဆုံးဝန်ဆောင်မှုအနေဖြင့် ဌာနဆိုင်ရာ ၆ ခုပါဝင်သော တစ်နေရာတည်းတွင် အလုံးစုံဝန်ဆောင်မှုပေးနိုင်သည့် One Stop Service ဖွင့်လှစ်ဆောင်ရွက်ပေးရန် စီစဉ်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောကြားသည်။
ရှီးကျားကျွမ်း၊ မေ ၃၁ ရက် (ဆင်ဟွာ) အစောပိုင်း ချင်မင်းဆက် (၁၆၄၄-၁၉၁၁) ခေတ်က ကျောက်ဆင်ရုပ်တုအား တရုတ်နိုင်ငံ မြောက်ပိုင်း ဟဲဘေးပြည်နယ်တွင် မကြာသေးမီက ရှာဖွေတွေ့ရှိခဲ့ကြောင်း ဒေသဆိုင်ရာအာဏာပိုင်များက ပြောကြားခဲ့သည်။
ဆိုးလ်၊ မေ ၃၁ ရက် (ဆင်ဟွာ) မြောက်ကိုရီးယားနိုင်ငံ၊ အမေရိကန်နိုင်ငံ နှင့် တောင်ကိုရီးယားနိုင်ငံ အကြား သုံးနိုင်ငံထိပ်သီးအစည်းအဝေးပွဲ ကျင်းပနိုင်ခြေသည် မြောက်ကိုရီးယား-အမေရိကန် အစည်းအဝေးပွဲရလဒ်ပေါ်မူတည်ကြောင်း တောင်ကိုရီးယား သမ္မတ အိမ်ပြာတော် က မေ ၃၁ရက်တွင်ထုတ်ပြန်ခဲ့သည်။
ရန်ကုန်၊ မေ ၃၁ ရက် (ဆင်ဟွာ) ဟားခါးမြို့ ဈေးသစ်ရပ်ကွက်၊ ဗိုလ်ချုပ်လမ်း၌ ယနေ့ နံနက် ၁ နာရီ ၄၅ မိနစ် အချိန်ခန့်က နေအိမ် (၃) လုံး မီးလောင်မှု ဖြစ်ပွားပြီး လူ(၃) ဦး သေဆုံးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ...
ဆစ်ဒနီ၊ မေ ၃၁ ရက် (ဆင်ဟွာ) သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့လယ်ကောင်ရှိ အထပ်မြင့်အဆောက်အအုံ၏ ငြမ်းစင် မေလ ၃၁ ရက်က နံနက်ပိုင်း ရုံးတက်ချိန်မတိုင်မီ မီးလောင်မှုဖြစ်ပွားခဲ့ရာ လူ ၂၀ ခန့် ရွှေ့ပြောင်းခဲ့ရကြောင်း၊ တစ်နာရီအတွင်း မီးထိန်းနိုင်ခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။