ချန်းရှ၊ ဒီဇင်ဘာ (၁၈) ရက် (ဆင်ဟွာ) Changsha-Zhuzhou-Xiangtan မြို့တွင်း ဆက်သွယ်သွားလာနိုင်သည့်အမြန်ရထား ကို စမ်းသပ်ပြေးဆွဲရန်ဖွင့်လှစ်ခဲ့သည်။ရထားလမ်းပိုင်းမှာ ၉၅.၅ ကီလိုမီတာ ရှည်ပြီး တစ်နာရီလျင် ကီလိုမီတာ ၂ဝဝ နှှုန်းဖြင့်ပြေးဆွဲရန်ဒီဇိုင်းဆွဲထားသည်။ အဓိကမြို့ကြီး ၃ မြို့ကို ဆက်သွယ်ထားသည့်အဆိုပါ အမြန်ရထားသည် ပုံမှန်ထက် ခရီးသွားလာချိန် မိနစ် ၃ဝခန့်ပိုမိုမြန်ဆန်သည်။...
ကန်ဘာရာ၊ ဒီဇင်ဘာ ၁၉ ရက် (ဆင်ဟွာ) သြစတြေးလျနိုင်ငံတွင် ပွဲတော်အချိန်အတွင်း ခရစ္စမတ် သစ်ပင်များ၌ မီးလုံးများ၊ အဆင်တန်ဆာများနှင့် အခြား အလှဆင် ပစ္စည်းများဖြင့် ပြင်ဆင်ထားကြပြီး အမျိုးသမီး တစ်ဦးမှာမူ ၎င်း၏ ခရစ္စမတ် သစ်ပင် အလှဆင် ပစ္စည်းများအကြား မြွေ တစ်ကောင်အား တွေ့ရှိခဲ့သဖြင့် ထိတ်လန့်...
ရန်ကုန် ၊ ဒီဇင်ဘာ ၁၉ ရက်(ဆင်ဟွာ) ပြည်ထောင်စု နယ်မြေ ၊ တိုင်းဒေသကြီး နှင့် ပြည်နယ် အလိုက် နိုဝင်ဘာလ အတွင်း ပြည်တွင်း အလုပ်အကိုင် ရရှိမှုမှာ ၁၉၂၀၄ နေရာအား ခန့်ထားနိုင်ခဲ့ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာနမှ သိရသည်။
မော်စကို၊ ဒီဇင်ဘာ ၁၉ရက် (ဆင်ဟွာ) Siberia ပြည်နယ်တွင် ပျက်ကျခဲ့သော ရုရှား Il-18လေယာဉ်ပေါ်၌ လိုက်ပါလာသည့် လူ၃၉ဦးအား ကယ်ဆယ်နိုင်ခဲ့သော်လည်း ၎င်းတို့အနက် အနည်းဆုံး ၁၆ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း RIA Novosti သတင်းဋ္ဌာန က ရုရှားကာကွယ်ရေးဝန်ကြီးဋ္ဌာန၏ပြောကြားချက်ကို ကိုးကား၍ ဒီဇင်ဘာ ၁၉ရက်တွင်ဖော်ပြခဲ့သည်။
မော်စကို၊ ဒီဇင်ဘာ ၁၉ရက် (ဆင်ဟွာ) ရုရှားနိုင်ငံ အရှေ့ပိုင်း Siberian ပြည်နယ် Irkutskမြို့တွင် “Boyarishnik” ဟုတံဆိပ်ကပ်ထားသော ရေချိုးသည့် လိုးရှင်းတစ်မျိုးရောစပ်ထားသည့် အရက်အား သောက်သုံးပြီးနောက် အရက်အဆိပ်သင့်မှုဖြစ်ပွားကာ လူ ၁၆ဦး သေဆုံးခဲ့ကြောင်း ရုရှားသတင်းဋ္ဌာန TASS က ဒီဇင်ဘာ ၁၉ရက်တွင်ဖော်ပြခဲ့သည်။