Connect with us

Environment, Disasters & Accidents

မကွေးတိုင်းဒေသကြီး မင်းလှမြို့နယ်၌ ယာဉ်တိမ်းမှောက်မှုကြောင့် ၂ ဦး သေဆုံး ၊ ၂၀ ဦး ဒဏ်ရာရ

မင်းလှမြို့ နယ်၌ ယာဉ်တိမ်းမှောက်မှု ဖြစ်စဉ်အား တွေ့ ရစဉ်(ဓာတ်ပုံ-Ministry of Home Affairs, Myanmar)

ရန်ကုန် ၊ ဧပြီ ၂၉ ရက်(ဆင်ဟွာ)

မကွေးတိုင်းဒေသကြီး မင်းလှမြို့နယ်၌ ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားခဲ့ရာ ယာဉ်ပေါ် ပါရှိသူ ၂၂ ဦး အနက် ၂ ဦး သေဆုံးကာ ၂၀ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။

မင်းလှမြို့နယ်၊ စစ္စနို့-ကန်တုတ် ကျေးရွာချင်း ဆက်လမ်း မိုင်တိုင် (၁၆/၁-၂) ကြား၌ Light Truck ယာဉ်သည် ဧပြီ ၂၈ ရက် နေ့လည်ပိုင်း အချိန်တွင် ယာရှေ့ဘီးပေါက်ကာ လမ်း၏ဝဲဘက်သို့ တိမ်းမှောက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ထိုကြောင့် ယာဉ်မောင်းနှင်လာသူအား ရေနံမ နယ်မြေ ရဲစခန်းမှ ယာဉ် (ပ) ၅/၂၀၁၈၊ ရာဇသတ် ကြီးပုဒ်မ ၃၀၄-က/၃၃၈/၃၃၇ (ပေါ့လျော့မှုကြောင့် လူသေမှု/ပြင်းထန်/သာမန်နာကျင်စေမှု)ဖြင့် အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း သိရသည်။(Xinhua)