Connect with us

Politics, Law & Military

မိုးကုတ်မြို့နယ်တွင် ငွေကျပ် သိန်း ၂၃၉၈ သိန်းတန်ဖိုးရှိ ဘိန်းဖြူများသိမ်းဆည်းရမိ

မိုးကုတ်မြို့နယ်တွင် ဖမ်းဆီးရမိသည့် ဘိန်းဖြူများအားမော်တော်ယာဉ် နှင့်အတူတွေ့ရစဉ် (ဓာတ်ပုံ--ရဲဇာနည်)

ရန်ကုန်၊ ဧပြီ ၂၈ ရက် (ဆင်ဟွာ)

မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်တွင် ငွေကျပ် ၂,၃၉၈ သိန်း တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ဧပြီ ၂၆ ရက်နေ့ ၁၆း၀၀နာရီ အချိန် တပ်မတော်မှ သတင်းအရ မိုးကုတ်မြို့နယ်၊ ပြင်ဦးလွင်-မိုးကုတ်လမ်းသစ်(အတက်လမ်း)၊ အထက်ညောင်ကုန်းကျေးရွာနှင့် အောက်ညောင်ကုန်းကျေးရွာကြားရှိ ကားလမ်းဘေးတွင် Crown Saloon မော်တော်ယာဉ်ကို သွားရောက်စစ်ဆေးရာ ယာဉ်မောင်း နှင့် ကားသော့မရှိ၍ မိုးကုတ်မြို့မရဲစခန်းသို့သယ်ယူလာပြီး ပူးပေါင်းအဖွဲ့ဖြင့်ရှာဖွေရာ မော်တော်ယာဉ်၏ အလယ်ခန်းရှိနွားနို့ပုံးနှင့် ပီနံအိတ်အတွင်းတို့မှ ဘိန်းဖြူဆပ်ပြာခွက် ၂၁၈ ခွက်( ဘိန်းဖြူ အလေးချိန် ၂ .၃၉၈ ကီလို) သိမ်းဆည်းရမိခဲ့သဖြင့် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါး များဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)