ရှန်ဟိုင်း ၊ ဧပြီ ၂၆ ရက်(ဆင်ဟွာ) ခေတ်သစ်ပိုးလမ်းမကြီး စီမံကိန်းသည် ဆော်ဒီ၏ ၂၀၃၀ခုနှစ် ဆော်ဒီရည်မှန်းချက်(Saudi Vision 2030) နှင့်ကိုက်ညီမှုများရှိကြောင်း ဆော်ဒီအာရေဗျနိုင်ငံ အမျိုးသားစက်မှုလုပ်ငန်း ဖွံဖြိုးတိုးတက်မှုစီမံကိန်း ရေးဆွဲရေးဌာနဥက္ကဌ က ဧပြီလ ၂၅ ရက်နေ့တွင် ကျင်းပသော ဆော်ဒီ-တရုတ် ရာဘာအချောကုန် လုပ်ငန်းဆိုင်ရာဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။
အန်ကာရာ၊ ဧပြီ ၂၆ ရက် (ဆင်ဟွာ) တူရကီနိုင်ငံ၊ ရုရှားနိုင်ငံနှင့် အီရန်နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများသည် ဆီးရီးယားနိုင်ငံအရေး ဆွေးနွေးရန် ဧပြီလ ၂၈ ရက်၌ မော်စကိုမြို့တွင် တွေ့ဆုံမည်ဖြစ်ကြောင်း တူရကီနိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့ (ဧပြီလ ၂၆ ရက်) နံနက်အစောပိုင်းက ကြေညာခဲ့သည်။
နယူးဒေလီ၊ ဧပြီ ၂၆ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ မြောက်ပိုင်း ဥတာပရာဒတ်ရှ်ပြည်နယ်တွင် ဧပြီလ ၂၆ ရက်က အလိုအလျောက် ထိန်းချုပ်စနစ်သုံး ရထားလမ်းအား ဖြတ်သန်းစဉ် ရထားနှင့် ကျောင်းကားတို့ တိုက်မိရာ အနည်းဆုံး ကလေးငယ် ၁၁ ဦး သေဆုံးပြီး အခြားသူ ၇ ဦး...