Connect with us

Asia

အိန္ဒိယနိုင်ငံတွင် ကျောင်းကားနှင့် ရထား တိုက်၊ ကလေးငယ် ၁၁ ဦးသေဆုံးပြီး ၇ ဦး ဒဏ်ရာရ

အိန္ဒိယနိုင်ငံတွင် ကျောင်းကား တစ်စီး တိုက်မိထားသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

နယူးဒေလီ၊ ဧပြီ ၂၆ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ မြောက်ပိုင်း ဥတာပရာဒတ်ရှ်ပြည်နယ်တွင် ဧပြီလ ၂၆ ရက်က အလိုအလျောက် ထိန်းချုပ်စနစ်သုံး ရထားလမ်းအား ဖြတ်သန်းစဉ် ရထားနှင့် ကျောင်းကားတို့ တိုက်မိရာ အနည်းဆုံး ကလေးငယ် ၁၁ ဦး သေဆုံးပြီး အခြားသူ ၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

အဆိုပါ ဖြစ်စဉ်မှာ ဥတာပရာဒတ်ရှ်ပြည်နယ် မြို့တော် လပ်ခ်နောင်း အရှေ့ဘက်မှ ၃၂၃ ကီလိုမီတာခန့် အကွာရှိ Kushinagar ခရိုင် Behpurva ကျေးရွာ၌ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

“ဒီနေ့မနက်မှာ အလိုအလျောက် ထိန်းချုပ်စနစ်သုံး ရထားလမ်းကို ဖြတ်ကူးနေတုန်း အရှိန်ပြင်း ရထား တစ်စီးနဲ့ ကျောင်းကားတစ်စီး တိုက်ခဲ့တယ်။ ကလေးငယ် ၁၁ ဦး သေဆုံးခဲ့ပြီး အခြားသူ ၇ ယောက်ကတော့ စိုးရိမ်ဖွယ် ဒဏ်ရာတွေ ရခဲ့တယ်။ ဒဏ်ရာရသူတွေကို ဆေးရုံသို့ ချက်ချင်း ပို့ဆောင်ခဲ့တယ်” ဟု အဆင့်မြင့် ရဲအရာရှိ အာနန် ကူးမားက ပြောကြားခဲ့သည်။

တာဝန်ရှိသူများ၏ ပြောကြားချက်အရ Thawe-Kapatanganj ခရီးသည်တင် ရထားသည် ကျောင်းကားအား ဝင်တိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ သေဆုံး၊ ဒဏ်ရာရသူအများစုမှာ အသက် ၁၀ နှစ်အောက်များ ဖြစ်ကြောင်း သိရသည်။

ဥတာပရာဒတ်ရှ် ပြည်နယ် အုပ်ချုပ်ရေးမှူး Yogi Adityanath က သေဆုံးသွားသည့် ကလေးငယ် တစ်ဦးစီ၏ မိသားစုများအား လျော်ကြေးငွေ အမေရိကန်ဒေါ်လာ၂၉၉၄ ပေးအပ်ကြောင်း ကြေညာခဲ့သည်။

အဆိုပါ ရထားတိုက်မှု ဖြစ်စဉ်အား စုံစမ်းစစ်ဆေးရန် ညွှန်ကြားထားကြောင်း သိရသည်။

ယခုလအစောပိုင်းကလည်း ကျောင်းဖယ်ရီကားတစ်စီးသည် အိန္ဒိယနိုင်ငံမြောက်ပိုင်း ဟီမန်ချယ် ပရာဒတ်ရှ်ပြည်နယ်ရှိ မြောင်းအတွင်းသို့ ပြုတ်ကျခဲ့ပြီး ကျောင်းသား ၂၇ ဦး အပါအဝင် လူ ၃၀ ဦး သေဆုံးခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.