Connect with us

Economy

ဆော်ဒီအာရေဗျနိုင်ငံက ခေတ်သစ်ပိုးလမ်းမကြီး စီမံကိန်းတွင် တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်လုပ်ဆောင်သွားရန် ဆန္ဒရှိကြောင်းပြော

တရုတ်သမ္မတ ရှီကျင့်ဖိန်နှင့် ဆော်ဒီမင်းသား Mohammad bin Salman တို့ တွေ့ဆုံစဉ် (ဓာတ်ပုံ- ဆင်ဟွာ )

ရှန်ဟိုင်း ၊ ဧပြီ ၂၆ ရက်(ဆင်ဟွာ)

ခေတ်သစ်ပိုးလမ်းမကြီး စီမံကိန်းသည် ဆော်ဒီ၏ ၂၀၃၀ခုနှစ် ဆော်ဒီရည်မှန်းချက်(Saudi Vision 2030) နှင့်ကိုက်ညီမှုများရှိကြောင်း ဆော်ဒီအာရေဗျနိုင်ငံ အမျိုးသားစက်မှုလုပ်ငန်း ဖွံဖြိုးတိုးတက်မှုစီမံကိန်း ရေးဆွဲရေးဌာနဥက္ကဌ က ဧပြီလ ၂၅ ရက်နေ့တွင် ကျင်းပသော ဆော်ဒီ-တရုတ် ရာဘာအချောကုန် လုပ်ငန်းဆိုင်ရာဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။

ဆော်ဒီ အစိုးရဌာနများနှင့်လုပ်ငန်းများက ထုတ်လုပ်မှု၊ သိပ္ပံနည်းပညာ၊ ဘဏ္ဍာရေး၊ ရင်းနှီးမြုပ်နှံမှု လုပ်ငန်းများပါဝင်သည့် တရုတ်လုပ်ငန်းပေါင်း ၇၀ ကျော် နှင့် ချိတ်ဆက်ပြီးပူးပေါင်းဆောင်ရွက်မှုများ တစ်ဆင့်တိုးမြှင့်ဆောင်ရွက်သွားရန်ရှိကြောင်း သိရသည်။

ဆော်ဒီအာရေဗျနိုင်ငံ အမျိုးသားစက်မှုလုပ်ငန်း ဖွံဖြိုးတိုးတက်မှုစီမံကိန်း ရေးဆွဲရေးဌာနဥက္ကဌက ယခုနှစ်ပိုင်းများတွင် တရုတ်-ဆော်ဒီပူးပေါင်းဆောင်ရွက်မှုမှာ အခန်းကဏ္ဍသစ်ကို လျှောက်လှမ်းနိုင်ပြီ ဖြစ်ရာ နှစ်နိုင်ငံချိတ်ဆက်ပူးပေါင်းဆောင်ရွက်မှုများ တစ်ဆင့်တိုးမြှင့်ဆောင်ရွက်ပြီး အားသာချက်၊ အားနည်းချက်များကို အပြန်အလှန်ဖြည့်စွက်ကာ ဘက်ပေါင်းစုံအကျိုးအောင်မြင်မှုကို အကောင် အထည်ဖော်ဆောင်ရွက်ခြင်းဖြင့် ကမ္ဘာ့စီးပွားရေးကို ပြန်လည်နလန်ထူလာရန်အတွက ် အင်အားသစ် လောင်းပေးနိုင်ရန်မျှော်လင့်ကြောင်း ဆိုသည်။

ယခုနှစ် ၂ လပိုင်းအထိ ဆော်ဒီနိုင်ငံက ဝန်ဆောင်မှု၊ထုတ်လုပ်မှု၊ ကုန်သွယ်ရေး၊ ယဉ်ကျေးမှု ပညာရပ် လုပ်ငန်းများအပါအဝင် တရုတ်လုပ်ငန်း ၁၂၈ ခု အား ရင်းနှီးမြုပ်နှံမှုလိုင်စင်ချပေးပြီး ဖြစ်ကြောင်း ဆော်ဒီအစိုးရ စာရင်းများအရ သိရှိရသည်။

ယခုလက်ရှိ ပထမအသုတ်အနေဖြင့် တရုတ်၊ဆော်ဒီ နှစ်နိုင်ငံ သဘောတူသတ်မှတ်ထားသည့် ထုတ်လုပ်မှုစွမ်းရည်နှင့် ရင်းနှီးမြုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အဓိက စီမံကိန်း ကြီး ၃၀ ခု အနက် စီမံကိန်း ၈ ခုမှာ အကောင်အထည်ဖော်ဆောင်ရွက်နေ ပြီဖြစ်ပြီး ကျန် စီမံကိန်း ၂၂ ခု မှာ ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများ စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း ၊ ထိုစီမံကိန်းများ၏စုစုပေါင်း ရင်းနှီးမြုပ်နှံမှုတန်ဖိုး အမေရိကန်ဒေါ်လာ ၅၅ ဘီလီယံရှိကြောင်း တရုတ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး နှင့်ပြုပြင်ပြောင်းလဲရေးကော်မတီ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု စင်တာ ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဌ ချောင်ဝင်လျန်(Cao Wen Lian)၏ ပြောကြားချက်များအရ သိရသည်။ တချိန်တည်းမှာပင် တရုတ်၊ ဆော်ဒီနှစ်နိုင်ငံက အခြေခံအဆောက်အအုံ၊ စွမ်းအင်၊ သတ္ထုနှင့်အခြားကုန်ကြမ်းပစ္စည်း ထုတ်လုပ်ရေး လုပ်ငန်းများတွင် လက်တွေ့ကျကျ ပူးပေါင်းဆောင်ရွက်မှုများလုပ်ဆောင်သွားရန် ရင်းနှီးမြုပ်နှံမှုရန်ပုံငွေ အမေရိကန်ဒေါ်လာ ၂၀ ဘီလီယံထားရှိရန် တွန်းအားပေးဆောင်ရွက်နေပြီဖြစ်ကြောင်း သိရှိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.