မနီလာ၊ မတ် ၂၁ ရက် (ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်း ရှိ မင်ဒိုရိုပြည်နယ် Sablayan မြို့ ရှိ အဝေးပြေးလမ်းမတစ်ခု တွင် မတ် ၂၀ရက် ညပိုင်းက ဘတ်စ်ကားတစ်စီး ချောက်ထဲပြုတ်ကျခဲ့ရာ လူ ၁၉ဦးသေဆုံးပြီး အခြားလူ ၂၅ဦး ဒဏ်ရာရရှိခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။
ဆိုးလ်၊ မတ် ၂၁ ရက် (ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံက မတ်လ ၂၉ ရက်တွင် Panmunjom အပစ်အခတ်ရပ်စဲရေးကျေးရွာရှိ မြောက်ကိုရီးယားပိုင် အဆောက်အအုံတစ်ခုဖြစ်သော Tongilgak ၌ အဆင့်မြင့်ဆွေးနွေးပွဲများ ပြုလုပ်ရန် ယနေ့ (မတ်လ ၂၀ ရက်) ကမ်းလှမ်းလိုက်ကြောင်း သိရသည်။
နေပြည်တော်၊ မတ် ၂၁ ရက် (ဆင်ဟွာ) လက်ရှိ လစ်လပ်သွားသော နိုင်ငံတော် သမ္မတရာထူးအတွက် အလုပ်လုပ်ရက် ၇ ရက် အတွင်း ရွေးချယ်မည်ဖြစ်ကြောင်း သမ္မတရုံးထုတ်ပြန်ချက်အရ သိရသည်။
စိန့်ပီတာဘာ့ခ်၊ မတ် ၂၁ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံ မြောက်ပိုင်း Murmansk မြို့ ရှိ ငါးထပ်တိုက် အဆောက်အအုံတွင် ဓါတ်ငွေ့ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ရာ လူ ၂ဦးသေဆုံးပြီး အခြားလူ ၄ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
နေပြည်တော် ၊ မတ် ၂၁ ရက်(ဆင်ဟွာ) ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်သည် ရာထူးမှ နုတ်ထွက်ကြောင်း ယနေ့မတ် ၂၁ ရက်တွင် ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ကြေညာခဲ့သည်။