ရန်ကုန်၊ဧပြီ၁၃ ရက်(ဆင်ဟွာ) ၂၀၁၆ ခုနှစ်၊ ဧပြီလ (၁၃)ရက်နေ့ မြန်မာစံတော်ချိန် (၂၀)နာရီ (၂၅)မိနစ် (၁၈)စက္ကန့်အချိန်တွင် မန္တလေးမြေငလျင်စခန်းမှ အနောက် မြောက်ဘက် (၁၁၂)မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း စစ်ကိုင်းတိုင်း ကလေးမြို့၏ အရှေ့-အရှေ့တောင်ဘက်(၄၂)မိုင်ခန့်အကွာကို ဗဟိုပြု၍ အင်အား ရစ်ချ်တာ စကေး (၆.၈)အဆင့်ရှိ အင်အားပြင်းထန်သော မြေငလျင်...
ရန်ကုန် ၊ ဧပြီ ၁၃ရက် (ဆင်ဟွာ) ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ် အတွင်း ရန်ကုန်-မန္တလေးရထားလမ်းပေါ်တွင် အမျိုးသားတစ်ဦးကို ရထားတိုက်ဟန်ပြုလုပ်ထားသည့် လူသတ် မှုအား ဖော်ထုတ်နိုင်ခဲ့ပြီး ဧပြီ ၈ ရက်က တောင်ငူ ခရိုင်တရားရုံးသို့ တရားစွဲဆို တင်ပို့ခဲ့ကြောင်း သိရ သည်။
ကုလသမဂ္ဂ၊ ဧပြီလ ၁၂ ရက် (ဆင်ဟွာ) ကုလသမဂ္ဂ အထွေထွေ ညီလာခံက ၂၀၁၆ခုနှစ် ဒီဇင်ဘာလ ၃၁ရက်နေ့တွင် တာဝန်ပြီးဆုံးတော့မည့် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်း နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ကြေညာထားသူ ကိုးဦးအား ယခင်နှင့်မတူသည့် အင်တာဗျူးမေးခွန်းများ စိစစ်မေးမြန်းကာ အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် ရွေးချယ်မည့် သုံးရက်ကြာ အင်တာဗျူးအား...
ရန်ကုန် ၊ဧပြီ ၁၃ ရက် (ဆင်ဟွာ) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟန်း မြို့နယ်က ပထမဆုံးအကြိမ်ဦးစီးကျင်းပသော ဗိုလ်စိန်မှန်ကွင်းတွင် ကျင်းပလျက်ရှိသည့် သံချပ်ပြိုင်ပွဲတွင် သံချပ်အဖွဲ့ပေါင်း ၁၇ ဖွဲ့ က ဝင်ရောက်ယှဉ်ပြိုင်ရန် စာရင်းပေးသွင်းထားကြောင်း ပွဲစီစဉ် ရေးတာဝန်ခံ၏ ပြောကြားချက်အရ သိရသည်။
နယူးယောက်၊ ဧပြီ ၁၃ရက် (ဆင်ဟွာ) ကမ္ဘာကျော် ရူပနက္ခတ္တဗေဒပညာရှင် စတီဗင်ဟော့ကင်း သည် ရုရှား ဘီလျံနာ Yuri Milner၊ Facebook တည်ထောင်သူ Mark Zuckerberg တို့နှင့်ပူးပေါင်းပြီး ကြယ်တာရာများကြား သွားလာနိုင်သည့် မောင်းသူမဲ့ အာကာသယာဉ်ငယ် များ ပြုလုပ်ရန် အမေရိကန်ဒေါ်လာ သန်း၁၀၀ တန်...