ကိဗ်၊ မေ ၂၂ ရက် (ဆင်ဟွာ) ယူကရိန်းနိုင်ငံ တောင်ပိုင်း Mykolayiv မြို့ ရှိ စာသင်ကျောင်းတစ်ခုတွင် ဖျန်းထားသော အမျိုးအမည်မသိ ဓါတ်ပစ္စည်းတစ်မျိုး နှင့် ထိတွေ့ပြီးနောက် အဆိပ်သင့်သည့် လက္ခဏာများ ပေါ်ပေါက်လာ၍ အနည်းဆုံး ကလေးငယ် ၃၆ ဦး ကို မေ၂၁ ရက်တွင်...
ဟာဗားနား၊ မေ ၂၂ ရက် (ဆင်ဟွာ) ကျူးဘားနိုင်ငံတွင် ဖြစ်ပွားခဲ့သော ထိတ်လန့်ဖွယ် လေယာဉ်ပျက်ကျမှု မှ အသက်ရှင်ကျန်ရစ်သူများအနက် တစ်ဦး သည် မေ ၂၁ ရက် နေ့လည်ပိုင်းတွင် သေဆုံးသွားခဲ့ပြီး သေဆုံးသူ ၁၁၁ဦးရှိလာခဲ့ကြောင်းသိရသည်။
ရန်ကုန် ၊ မေ ၂၂ ရက်(ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး ၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ယခု ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်တွင် မိုးစပါး ၂၄၇၉ဝ ဧက စိုက်ပျိုး သွားရန် လျာထားကြောင်း တိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီး ဌာန ထံမှ သိရသည်။
ပူထရာဂျာယာ ၊ မေ ၂၂ ရက်(ဆင်ဟွာ) မလေးရှားနိုင်ငံဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇက်သည် နိုင်ငံပိုင် ရင်းနှီးမြှုပ်နံှမှု ကုမ္ပဏီ 1MDB ကိစ္စနှင့်ပတ်သက်၍ အစစ်ဆေးခံယူရန် မလေးရှားနိုင်ငံအဂတိလိုက်စားမှုတိုက်ဖျက်ရေးအေဂျင်စီထံသို့ ယနေ့(မေလ ၂၂ ရက်)တွင် ရောက်ရှိလာကြောင်း သိရသည်။
ရန်ကုန်၊ မေ ၂၂ ရက် (ဆင်ဟွာ) ချင်းပြည်နယ်၊ ပလက်ဝ-ဆမီး-မတူပီလမ်းပိုင်းပေါ်တွင် မြစ်ကူးတံတားတစ်စင်းကို တည်ဆောက်ပေးလျက်ရှိရာ ၃၅ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်အရသိရသည်။