ရန်ကုန်၊ နိုဝင်ဘာ ၂၁ ရက် (ဆင်ဟွာ) MACCS စနစ်အသုံးပြု ဆောင်ရွက်မှုအပေါ် အကောက်ခွန်ကြေညာလွှာတစ်စောင်လျှင် MACCS Fee အဖြစ် ၃၀,၀၀၀ကျပ်နှုန်းဖြင့် ကောက်ခံသွားမည်ဖြစ်ပါကြောင်း အသိပေးလာခြင်းကို သွင်းကုန်ပို့ကုန် လုပ်ငန်းဆောင်ရွက်နေသော လုပ်ငန်းရှင်များ သိရှိစေရန် တင်ပြအပ်သည် ကုန်သည်စက်မှုအသင်းချုပ်မှ ယနေ့ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ နိုဝင်ဘာ ၂၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် တရုတ်-မြန်မာနယ်စပ်ဒေသ၏ ဒေသတွင်းငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအပေါ် အလေးအနက်ဂရုပြုပါကြောင်း၊ မြန်မာနိုင်ငံ၏ဒေသအချို့တွင် အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားရခြင်းနှင့် စပ်လျဉ်း၍လည်း အလေးအနက်ဂရုပြုပါကြောင်း၊ သက်ဆိုင်ရာ ဘက်အသီးသီးမှတွေ့ဆုံဆွေးနွေးမှုပြုလုပ်ပြီး မြန်မာနိုင်ငံအတွင်း ငြိမ်းချမ်းမှုနှင့် တည်ငြိမ်မှုရရှိစေရန်အတွက် အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်စေရန် တရုတ်နိုင်ငံဘက်မှတိုက်တွန်းကြောင်း နိုဝင်ဘာလ (၂၀) ရက်နေ့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ...
လီမာ ၊ နိုဝင်ဘာ ၂၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန် နှင့် ဂျပန်နိုင်ငံဝန်ကြီးချုပ် ရှင်ဇိုအာဘေးတို့သည် လီမာမြို့၌ ကျင်းပသော အာရှ-ပစိဖိတ် စီးပွားရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှု ( APEC) နိုင်ငံခေါင်းဆောင်များအစည်းအဝေးအပြီးတွင် ခဏကြာ သီးသန့်တွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့ကြောင်း တရုတ်နိုင်ငံကိုယ်စားလှယ်အဖွဲ့ပြောရေးဆိုခွင့်ရှိသူက နိုဝင်ဘာလ ၂ဝ ရက်တွင်ပြောကြားခဲ့သည်။
ဘရူနို အေးရိစ်၊ နိုဝင်ဘာ ၂၁ရက် (ဆင်ဟွာ) အာဂျင်တီးနားနိုင်ငံတွင် မွေးရာပါဉာဏ်ရည်နိမ့်ရောဂါ (Down syndrome) အကြောင်း ပြည်သူလူထု ပိုမို သိရှိစေရန် နှင့် အာဂျင်တီးနားမွေးရာပါဉာဏ်ရည်နိမ့်ရောဂါ အဖွဲ့အစည်းသို့ ငွေကြေးလှူဒါန်းရန်အတွက် အာဂျင်တီးနားနိုင်ငံသားအချို့သည် နိုဝင်ဘာ ၂၀ရက်က မီတာ ၅၀၀အရှည်ရှိသည့် ပီဇာကြီးအား ပြုလုပ်ခဲ့ကြောင်း သိရသည်။
မက္ကဆီကိုစီးတီး ၊ နိုဝင်ဘာ ၂၁ ရက်(ဆင်ဟွာ) အာဂျင်တီးနားနိုင်ငံ အနောက်-အလယ်ပိုင်း၌ နိုဝင်ဘာလ ၂ဝ ရက် ဒေသစံတော်ချိန် ညနေ ၅ နာရီ ၅၇ မိနစ်တွင် ပြင်းအား ၆.၄ အဆင့်ရှိ အင်အားပြင်းငလျင်တစ်ခုလှုပ်ခတ်သွားကြောင်း အမေရိကန်ဘူမိဗေဒတိုင်းတာရေး( USGS) က သတင်းထုတ်ပြန်ခဲ့သည်။