Connect with us

Asia

ဖိလစ်ပိုင်နိုင်ငံ မြောက်ပိုင်းတွင် အင်အား ၅.၄ ပမာဏရှိ ငလျင်တစ်ခုလှုပ်ခတ်

ငလျင်တိုင်းတာမှု ပုံစံတစ်ခုအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

မနီလာ၊ ဧပြီ ၁၆ ရက် (ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံ မြောက်ပိုင်း လူဇန်ကျွန်းမကြီးရှိ ကာဒါရန်ပြည်နယ်၌ ဧပြီ ၁၆ရက်တွင် အင်အား ၅.၄ပမာဏရှိသည့် ငလျင်တစ်ခုလှုပ်ခတ်သွားကြောင်း ဖိလစ်ပိုင်နိုင်ငံ မီးတောင် နှင့် ငလျင်အဖွဲ့အစည်း က ပြောကြားခဲ့သည်။

အဖွဲ့အစည်းက ငလျင်သည် ဂွန်ဇာဂါမြို့အရှေ့ဘက် ၃၉ကီလိုမီတာ ရှိ မြေပြင်အနက် ၂၃ကီလိုမီတာ အနက်ကို ဗဟိုပြု၍ ဒေသစံတော်ချိန် နံနက် ၃း၄၃နာရီတွင် လှုပ်ခတ်ခဲ့ကြောင်း ပြောကြားခဲ့သည်။ငလျင်လှုပ်ခတ်မှုအား Isabela ပြည်နယ် Santiago မြို့ နှင့် Ilocos Norte ပြည်နယ် Laoagမြို့ မှ ခံစားခဲ့ရကြောင်း သိရသည်။ငလျင်ကြောင့် ပျက်စီးဆုံးရှုံးမှုများ မဖြစ်ပေါ်နိုင်ကြောင်း အဖွဲ့အစည်း ကခန့်မှန်းခဲ့သော်လည်း နောက်ဆက်တွဲငလျင်များ လှုပ်ခတ်နိုင်ကြောင်းပြောကြားခဲ့သည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117