Connect with us

Asia

အင်ဒိုနီးရှားနိုင်ငံ North Malukuပြည်နယ်အနီးရှိပင်လယ်ပြင်တွင် ပြင်းအား ၆.၄ အဆင့်ရှိ ငလျင်လှုပ်ခတ်

မြေငလျင်လှုပ်ခတ်ခဲ့သည့်နေရာအား မြေပုံ၌တွေ့ရစဉ် (ဓာတ်ပုံ- အင်တာနက်)

ဂျာကာတာ ၊ ဧပြီ ၁၆ ရက်(ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ North Maluku ပြည်နယ် အနီးရှိ ပင်လယ်ပြင်ကို ဗဟိုပြု၍ ဧပြီလ ၁၆ ရက် နံနက်ပိုင်း အချိန်၌ ပြင်းအား ၆.၄ အဆင့်ရှိ ငလျင် တစ်ခု လှုပ်ခတ် ခဲ့ပြီး လက်ရှိချိန်တွင် သေဆုံး ဒဏ်ရာရရှိမှုနှင့် ပျက်စီးဆုံးရှုံးမှု စာရင်း မထွက်ရှိသေးကြောင်း သိရှိရသည်။

ငလျင်သည် ဒေသစံတော်ချိန် ၂ နာရီ ၃၀ မိနစ် တွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး North Maluku ပြည်နယ် မြို့တော် Ternate ၏အနောက်မြောက်ပိုင်း ၈၅ ကီလိုမီတာ အကွာအဝေးရှိ ပင်လယ်ပြင်တွင် မြေအောက် အနက် ၁၀ ကီလိုမီတာ ကို ဗဟိုပြုလှုပ်ခတ် ခဲ့ကြောင်း အင်ဒိုနီးရှားမိုးလေဝသ၊ရာသီဥတုနှင့်ဘူမိရူပ အေဂျင်စီကွန်ယက် (BMKG)၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ လက်ရှိ အင်ဒိုနီးရှားနိုင်ငံ ငလျင်စောင့်ကြည့်လေ့လာရေးဌာန က ထိုတစ်ကြိမ်ငလျင်နှင့်စပ်လျဉ်း၍ ဆိုနာမီသတိပေးချက် ထုတ်ပြန်မှုမရှိသေးပါ။

အင်ဒိုနီးရှား နိုင်ငံ သည် ပစိဖိတ်သမုဒ္ဒရာ ၏ ငလျင်ကြောပေါ် တွင် တည်ရှိပြီး နှစ်စဉ် ငလျင်ကြီး၊ငလျင်ငယ် အကြိမ်ပေါင်း ထောင်နှင့်ချီ၍ ဖြစ်ပွားလေ့ရှိသည်။ ၂၀၀၄ ခုနှစ် ဒီဇင်ဘာလတွင် အင်ဒိုနီးရှားနိုင်ငံဆူမားတြား၌ ဖြစ်ပွားသည့် ပြင်းထန်သောငလျင်ကြောင့် အိန္ဒိယသမုဒ္ဒရာဆိုနာမီဖြစ်ပွားခဲ့ရာ လူပေါင်းများစွာ သေဆုံးခဲ့ သည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117