ရန်ကုန်၊ ဧပြီ ၁၂ ရက် (ဆင်ဟွာ) ၂ဝ၁၈ ခုနှစ် မဟာသြင်္ကန်ကာလအတွင်း ဧပြီ ၁၃ ရက်မှ ၁၇ ရက်အထိ ဖြစ်ပွားသော သြင်္ကန်မှုခင်းများနှင့် ပတ်သက်၍ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်တရားရုံး ၃၄ ရုံးတွင် အထူးတရားရုံးများ ဖွင့်လှစ်၍ စစ်ဆေးသွားမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှ သတင်းထုတ်ပြန်ချက်အရသိရသည်။
ဘိုဂိုတာ ၊ ဧပြီ ၁၂ ရက် (ဆင်ဟွာ) ကိုလံဘီယာ နိုင်ငံ အနောက်မြောက်ပိုင်း Antioquia ပြည်နယ် တွင် ကင်းလှည့်နေသော ရဲတပ်ဖွဲ့ က ဧပြီလ ၁၁ ရက်နေ့၌ ဗုံးခွဲတိုက်ခိုက်မှု ခံခဲ့ရာသဖြင့် အနည်းဆုံး ရဲတပ်ဖွဲ့ဝင် ၈ ဦး သေဆုံးခဲ့ရကြောင်း သိရှိရသည်။
ရန်ကုန် ၊ ဧပြီ ၁၁ ရက် (ဆင်ဟွာ) နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် တရားစီရင်ရေးမဏ္ဍိုင် တည့်မတ်ခိုင်မာစေရေး အတွက် မည်သို့ ကြပ်မတ်သွားမည်ကို စဉ်းစာ းဆောင်ရွက်စေလိုကြောင်း ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး နှင့် တရားလွှတ်တော်ချုပ်တရားသူကြီးများအား တွေ့ဆုံစဉ်ပြောကြားခဲ့သည်။
အယ်လ်ဂျီးယား၊ ဧပြီ ၁၁ ရက် (ဆင်ဟွာ) အယ်လ်ဂျီးရီးယားနိုင်ငံ အယ်လ်ဂျီးယားမြို့ တောင်ဘက် ၃၀ ကီလိုမီတာအကွာရှိ Boufarik တပ်မတော်လေဆိပ်၌ ဧပြီလ ၁၁ ရက် နံနက်အစောပိုင်းက စစ်လေယာဉ် တစ်စင်း ပျက်ကျမှုတွင် သေဆုံးသူ အရေအတွက်မှာ ၂၅၇ ဦး ရှိလာပြီဖြစ်ကြောင်း ဒေသတွင်းမီဒီယာက ဖော်ပြထားသည်။
အယ်လ်ဂျီးယား၊ ဧပြီ ၁၁ ရက် (ဆင်ဟွာ) အယ်လ်ဂျီးရီးယားနိုင်ငံ ဘလီဒါပြည်နယ် အယ်လ်ဂျီးယားမြို့ အနောက်တောင်ဘက် ၃၀ကီလိုမီတာ အကွာ တွင် ဧပြီ ၁၁ရက် နံနက်ပိုင်းက စစ်လေယာဉ် တစ်စီးပျက်ကျခဲ့ရာ အနည်းဆုံး စစ်သား ၁၀၅ဦးသေဆုံးကြောင်း Ennahar ပုဂ္ဂလိကရုပ်သံလိုင်းက တာဝန်ရှိသူများ၏ပြောကြားချက်ကို ကိုးကား၍ ဖော်ပြခဲ့သည်။