Connect with us

Politics, Law & Military

မန္တလေးတိုင်းဒေသကြီးရှိ မြို့နယ်တရားရုံးများတွင် သြင်္ကန်ကာလအတွင်း အထူးတရားရုံးများ ဖွင့်လှစ်ဆောင်ရွက်မည်

မန္တလေးတိုင်းဒေသကြီး ရှိ ဦးပိန်တံတားအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဧပြီ ၁၂ ရက် (ဆင်ဟွာ)

၂ဝ၁၈ ခုနှစ် မဟာသြင်္ကန်ကာလအတွင်း ဧပြီ ၁၃ ရက်မှ ၁၇ ရက်အထိ ဖြစ်ပွားသော သြင်္ကန်မှုခင်းများနှင့် ပတ်သက်၍ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်တရားရုံး ၃၄ ရုံးတွင် အထူးတရားရုံးများ ဖွင့်လှစ်၍ စစ်ဆေးသွားမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှ သတင်းထုတ်ပြန်ချက်အရသိရသည်။

မြန်မာ့ရိုးရာသြင်္ကန်ပွဲတော်ကို ပြည်သူအများ စိတ်အေး ချမ်းသာစွာ ရိုးရာမပျက် ပါဝင်ဆင်နွှဲနိုင်ရန်အတွက် မူးယစ် သောက်စား ရမ်းကားမှု စသည့်နေ့ချင်းပြီးပြတ်နိုင်သော ရာဇဝတ် မှုခင်းများအား နေ့ချင်းပြီး စစ်ဆေးစီရင်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.