Connect with us

Politics, Law & Military

နိုင်ငံတော်သမ္မတက တရားစီရင်ရေးမဏ္ဍိုင် တည့်မတ်ခိုင်မာစေရေးအတွက် ကြပ်မတ်ဆောင်ရွက်ရန် မှာကြား

နိုင်ငံတော်သမ္မတ နှင့် တရားလွှတ်တော်ချုပ်တရားသူကြီးများ တွေ့ဆုံဆွေးနွေးစဉ်(ဓာတ်ပုံ-နိုင်ငံတော် သမ္မတရုံးဝန်ကြီးဌာန)

ရန်ကုန် ၊ ဧပြီ ၁၁ ရက် (ဆင်ဟွာ)

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် တရားစီရင်ရေးမဏ္ဍိုင် တည့်မတ်ခိုင်မာစေရေး အတွက် မည်သို့ ကြပ်မတ်သွားမည်ကို စဉ်းစာ းဆောင်ရွက်စေလိုကြောင်း ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး နှင့် တရားလွှတ်တော်ချုပ်တရားသူကြီးများအား တွေ့ဆုံစဉ်ပြောကြားခဲ့သည်။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး နှင့် တရားလွှတ်တော်ချုပ်တရားသူကြီးများအား ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် ဧည့်ခန်းမဆောင်၌ တွေ့ဆုံခဲ့ကြောင်း သိရသည်။

အဆိုပါတွေ့ဆုံစဉ် နိုင်ငံတော်သမ္မတ က တိုင်းဒေ သကြီး၊ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်အဆင့်များအထိ အဆင့်ဆင့်တာဝန်ယူမှု တာဝန်ခံမှု စနစ်များဖြင့် ဆင့်ကဲဆင့်ကဲကြပ်မတ်ဆောင်ရွက် သွားကြရ မည်ဖြစ်ကြောင်း၊ နိုင်ငံတော် ၏ဘဏ္ဍာကိုဆုံးရှုံးစေသည့် သက်သေခံပစ္စည်းပျက်စီးမှုများကို ပြုပြင်ကြပ်မတ်ပေးရမည် ဖြစ်ကြောင်း ပြောကြားသည်။

တရားခွင်များတွင် တရားသူကြီးများအနေဖြင့် ဥပဒေများ၊ ကျင့်ထုံးများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ တိတိကျကျမြန်မြန်ဆန်ဆန် ဆောင်ရွက်ကြရမည်ဖြစ်ပြီး ဆင်ခြင်တုံတရားနှင့်ယှဉ်၍ ဆုံးဖြတ်ကြရမည်ဖြစ်ကြောင်း၊ အဂတိလိုက်စားမှုကင်းရှင်းပြီး တရားဥပဒေစိုးမိုးမှုရှိမှသာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများပိုမို ဝင်ရောက်လာမည်ဖြစ်ကာ တိုင်းပြည်၏ စီးပွားရေးမှာလည်း ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း သမ္မတက ဆိုသည်။

တရားရေး ဆိုင်ရာ ဝန်ထမ်းများ၏ ရွှေ့ပြောင်းခြင်းနှင့် ရာထူးတိုးမြှင့်ခြင်းဆိုင်ရာ ကိစ္စရပ်များတွင် အမှန်တကယ်အရည်အချင်းရှိသူများနှင့် တရားရေးမဏ္ဍိုင်ကို မှန်ကန်စွာ အထောက်အပံ့ပြုတည့်မတ်ပေးနိုင်မည့်သူများကိုသာ ဦးစားပေး ခန့်အပ်တာဝန်ပေးကြ ရမည်ဖြစ်ကြောင်း၊ ပြည်ထောင်စုတရားသူကြီးချုပ်အနေဖြင့် တစ်နိုင်ငံလုံး၏ တရား စီရင်ရေးမဏ္ဍိုင်တည့်မတ်ရေးအတွက် ကြပ်မတ်ဆောင်ရွက်သွား ရမည်ဖြစ်ပြီး တိုင်းဒေသ ကြီးနှင့် ပြည်နယ်မှ တာဝန်ရှိသူများအား ထပ်မံ ချပြရှင်းလင်းဆောင်ရွက်သွားရန် လိုအပ် မည်ဖြစ်ကြောင်း ဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့များ၊ တရားဥပဒေ စိုးမိုးရေး စင်တာများ၏ ထောက်ပံ့ကူညီမှုများဖြင့် တရားစီရင်ရေးမဏ္ဍိုင် ခိုင်မာအားကောင်းစေရန် ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း မှာကြားခဲ့ကြောင်း သိရသည်။

တရားစီရင်ရေးဆိုင် ရာကိစ္စရပ်များ၊ သက်သေခံပစ္စည်းစီမံခန့်ခွဲရေးဆိုင်ရာကိစ္စရပ်များ၊ တရားရုံးများကြုံတွေ့ရ သည့်အခက်အခဲများ၊ ပြည်ထောင်စုတရား လွှတ်တော်ချုပ်မှ တာဝန်ယူဆောင်ရွက်လျှက်ရှိ သည့် လုပ်ငန်းတာဝန်များ၊ ရုံးထိုင်ကြားနာပေးခဲ့သည့် အမှုအမျိုးအစားအလိုက်အရေ အတွက်များ၊ ဝန်ထမ်းဖွဲ့စည်းပုံပြင်ဆင်မှုအခြေ အနေများကို ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး က ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။ ယင်း တွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ သမ္မတရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး ပြည်ထောင်စုတရားသူကြီးချုပ်နှင့်အတူ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီးများဖြစ်ကြသည့် ဦးသာဌေး၊ ဦးမြသိမ်း၊ ဦးမြင့်အောင်၊ ဦးအောင်ဇော်သိန်း၊ ဦးမြဟန်၊ ဦးမျိုးတင့်၊ ဦးစိုးနိုင်နှင့် ဦးခင်မောင်ကြည်တို့ တက်ရောက်ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.