ရန်ကုန်၊ ဒီဇင်ဘာ ၂၃ ရက် (ဆင်ဟွာ) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် နှင့် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းတို့ယနေ့တွေ့ဆုံကာ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ကျင်းပခြင်းဆိုင်ရာကိစ္စရပ်များအပါအဝင် အခြားငြိမ်းချမ်းရေး ကိစ္စရပ်များအတွက် တွေ့ဆုံဆွေးနွေးခဲ့သည်။
ရန်ကုန်၊ ဒီဇင်ဘာ ၂၃ ရက် (ဆင်ဟွာ) ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီနှင့် မိုင်းလား အထူးဒေသ(၄)အဖွဲ့တို့ တွေ့ဆုံဆွေးနွေးစဉ် နှစ်ဖက် ချုပ်ဆိုထားသော ငြိမ်းချမ်းရေး သဘောတူစာချုပ်ကို လေးစားလိုက်နာမည်ဟု မိုင်းလားအဖွဲ့ ဥက္ကဠ ဦးစိုင်းလင်းက ဒီဇင်ဘာလ ၂၂ ရက်က ပြောကြားသည်။
ရန်ကုန်၊ ဒီဇင်ဘာ၂၃ ရက်(ဆင်ဟွာ) ကလေးဝချင်းတွင်းမြစ်ကူးတံတားကို ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်တွင် နိုင်ငံတော် ခွင့်ပြုငွေကျပ်သန်း ၉၂ဝ အကုန် အကျခံ အကောင်အထည်ဖော် တည်ဆောက်လျက်ရှိရာ ယခုအခါ ပင်မတံတားရေလယ်တိုင် တည်ဆောက်မှု လုပ်ငန်းနှင့် ချဉ်းကပ်လမ်းဖောက်လုပ်မှု လုပ်ငန်းတို့မှာ ၆ဝ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကြောင်း တံတား တည်ဆောက်ရေး အင်ဂျင်နီယာ ဦးဇေယျာစိုး၏ ပြောကြားချက်အရ...
ဂျာကာတာ၊ ဒီဇင်ဘာ ၂၃ ရက် (ဆင်ဟွာ) လူပေါင်း ၁၁၈ ဦးကို တင်ဆောင်လာခဲ့သော လှေတစ်စီးမှာ အင်ဒိုနီးရှားနိုင်ငံ အရှေ့ပိုင်း၌ ဒီဇင်ဘာလ ၂၀ ရက်တွင် တိမ်းမှောက်ခဲ့ပြီးနောက် သုံးရက်ကြာသည် အထိ လူ ၇၁ ဦးမှာ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ဒေသဆိုင်ရာ ကယ်ဆယ်ရေးရုံး က ဒီဇင်ဘာလ...
ရန်ကုန်၊ဒီဇင်ဘာ၂၃ ရက် (ဆင်ဟွာ) ပတ်ဝန်းကျင် ဂေဟစနစ်ကို ထိခိုက်မှုမရှိစေသော ဆိုလာဆဲလ် ကို အပင်များဖြင့် စမ်းသပ်ထုတ်လုပ်မှု အောင်မြင်စွာ သုတေသနပြု ဆောင်ရွက်နိုင်ခဲ့ပြီ ဖြစ်ကြောင်း ရန်ကုန်တက္ကသိုလ် ရူပဗေဒဌာနမှ သတင်းရရှိသည်။