Connect with us

Social

၂၀၁၉ ခုနှစ် ပထမ သုံးလ အတွင်း နိုင်ငံလူဦးရေ၏ ၉၄ ရာခိုင်နှုန်းခန့်ဆက်သွယ်ရေး ကွန်ရက် ရရှိ အသုံးပြု နိုင်ရန် လျာထား ဆောင်ရွက်နေ

ဘဏ္ဍာရေး နှစ် အလိုက် ဆက်သွယ်ရေး တာဝါတိုင် အရေအတွက်ပြ ဇယားအား တွေ့ ရစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန် ၊ ဧပြီ ၂ ရက်(ဆင်ဟွာ)

၂၀၁၉ ခုနှစ် ပထမ သုံးလ အတွင်း နိုင်ငံလူဦးရေ၏ ၉၄ ရာခိုင်နှုန်းခန့်ကို ဆက်သွယ်ရေး ကွန်ရက် ရရှိ အသုံးပြု နိုင်ရန် လျာထား ဆောင်ရွက်နေကြောင်း ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသန့်စင်မောင် က အစိုးရ၏ ပြည်သူ့အတွက် ဒုတိယ ၁ နှစ်တာ ဆောင်ရွက်ချက်များ အဖြစ် ရှင်းလင်း ပြောကြားခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်သော သတင်း အရ သိရသည်။

မြန်မာနိုင်ငံ၏ မိုဘိုင်းဖုန်းသုံးစွဲနိုင်မှုမှာ ၁၁ဝ ဒသမ ၄၄ ရာခိုင်နှုန်းကို ရောက်ရှိ လာခဲ့ပြီး ဆက်သွယ်ရေး အော်ပရေတာ အနေဖြင့် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း ၊ တယ်လီနော ၊ အော်ရီဒူး တို့အပြင် ယခုနှစ် အတွင်း Telecom International Myanmar(Mytel) လည်း ဝင်ရောက် လာနိုင်ခဲ့သဖြင့် ရွေးချယ် သုံးစွဲနိုင်ကြပြီ ဖြစ်ကြောင်း ပြည်ထောင်စု ဝန်ကြီး ဦးသန့်စင်မောင်က ပြောကြားခဲ့သည်။

ဂြိုဟ်တု ဆက်သွယ်ရေး စနစ် ပိုမို ကောင်းမွန် လာစေရေး အတွက် မြန်မာနိုင်ငံပိုင် ဂြိုဟ်တု စနစ်ဖြင့် အမေရိ ကန်ဒေါ်လာ ၁၅၅ ဒသမ ၇ သန်း ထည့်ဝင်ပြီး Myanmar- Sat-2 စနစ်အား အကောင်အထည်ဖော်ရန် ကြိုးပမ်း နေကြောင်း သိရသည်။

နိုင်ငံတော်၏ ရည်မှန်းချက် တစ်ခု ဖြစ်သည့် e-Government ဖွံ့ဖြိုးတိုးတက်စေရန် နှစ်နှစ် တာအတွင်း သင်တန်းသား ၈ဝဝ ကျော်ကို လေ့ကျင့် သင်ကြားပေးနေကြောင်း သိရသည်။

ထို့အတူ ပို့ဆောင်ရေး ကဏ္ဍ ဆောင်ရွက်မှုများ အနက် ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ် ၊ မန္တလေး အပြည်ပြည် ဆိုင်ရာ လေဆိပ် နှင့် ဟံသာဝတီ အပြည်ပြည် ဆိုင်ရာ လေဆိပ် အဆင့်မြှင့်တင်ခြင်း ၊ တိုးချဲ့တည်ဆောက်ခြင်း လုပ်ငန်းများကို ဆက်လက် လုပ်ကိုင်လျက် ရှိကြောင်း ၎င်းက ဆိုသည်။

နှစ်နှစ်တာ ကာလ အတွင်း ပြည်တွင်း လေဆိပ် အဆင့်မြှင့်တင်နိုင်မှု အဖြစ် မြစ်ကြီးနား လေဆိပ် ၊ လားရှိုးလေဆိပ် ၊ စစ်တွေလေဆိပ် ၊ သံတွဲလေဆိပ် ၊ ကော့သောင်းလေဆိပ် ၊ မော်လမြိုင်လေဆိပ် ၊ လွိုင်ကော်လေဆိပ် ၊ မာန်အောင်လေဆိပ် တို့ကို အဆင့်မြှင့်တင်ခြင်း ၊ အသစ် တိုးချဲ ့တည်ဆောက်ခြင်း ၊ လေယာဉ် ပြေးလမ်း ချဲ့ထွင်ခြင်း စသည့် လုပ်ငန်းစဉ်များကို လုပ်ဆောင်နိုင်ခဲ့ကြောင်း သိရသည်။

ထို့အတူ ပုဂံ-ညောင်ဦး လေဆိပ်ကို ရှေးဟောင်း အမွေအနှစ် မထိခိုက်စေဘဲ အဆင့်မြှင့်တင်နိုင်ရန် စီစဉ်နေကြောင်း ၊ လမ်းပန်း ဆက်သွယ်ရေး ခက်ခဲသည့် ချင်းပြည်နယ်တွင် လေဆိပ် တည်ဆောက်နိုင်ရန် ဖလမ်းမြို့နယ် ၊ ဆူရ်ဘုံ တောင်ကြောတွင် ATR 72 လေယာဉ်များ ဆင်းသက်နိုင်မည့် လေယာဉ်ကွင်းသည် ၃၃.၇ ရာခိုင်နှုန်း အထိ လုပ်ငန်း ပြီးစီးနေပြီး မတူပီ ခရိုင် လိုင်းလင်းပီမြို ့၌ လေယာဉ်ကွင်းငယ် တည်ဆောက်ရေးကို ယခုနှစ် အတွင်း စတင်နိုင်မည် ဖြစ်ကြောင်း သိရသည်။

အစိုးရ၏ ပြည်သူ့အတွက် ဒုတိယ ၁ နှစ်တာ အနေဖြင့် ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၏ ဆောင်ရွက်ချက် များ ဖြစ်သည့် မြန်မာ့ မီးရထား ပို့ဆောင်ရေး ကဏ္ဍ ၊ လေကြောင်း ပို့ဆောင်ရေး ကဏ္ဍ ၊ မြစ်ကြောင်း ထိန်းသိမ်းရေး ၊ ရေယာဉ် တည်ဆောက်မှု ၊ ပြည်တွင်း ရေကြောင်း ပို့ဆောင်မှု ၊ ဆိပ်ကမ်း ဖွံ့ဖြိုးရေး ၊ ကုန်းလမ်း ပို့ဆောင်ရေး ကဏ္ဍ ၊ ဆက်သွယ်ရေး ကဏ္ဍ ၊ စာတိုက်လုပ်ငန်း ဆောင်ရွက်မှု အခြေအနေများအား ပြည်ထောင်စု ဝန်ကြီး ဦးသန့်စင်မောင် က ရှင်းလင်း ပြောကြားခဲ့သည်။(Xinhua)