ဘဂ္ဂဒက် ၊ မေလ ၂ ရက်(ဆင်ဟွာ) အီရတ်နိုင်ငံ Saladinပြည်နယ်ရှိ ကျေးရွာလေးတစ်ရွာတွင် မေလ ၁ ရက်က လက်နက်ကိုင်အဖွဲ့၏ တိုက်ခိုက်မှုကြောင့် လူ ၁၆ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့ရာ သေဆုံးဒဏ်ရာရသူအများစုမှာ အမျိုးသမီးနှင့်ကလေးငယ်များဖြစ်ကြောင်း အီရတ် လုံခြုံရေးရဲတပ်ဖွဲ့၏ပြောကြားချက်များအရ သိရှိရသည်။
ရန်ကုန်၊ မေ ၂ ရက် (ဆင်ဟွာ) ဘရူနိုင်း နိုင်ငံတွင် ကျင်းပနေသည့် ဘရူနိုင်းဘုရင့်ဖလားဘောလုံး ပြိုင်ပွဲတွင် မြန်မာယူ၂၁အသင်း ဆီမီးဖိုင်နယ်သို့ တက်လှမ်းသွားပြီဖြစ်ပြီး ယနေ့ ညနေ ၆း၄၅ နာရီတွင် ကမ္ဘောဒီးယားအသင်းနှင့် ကစားရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ သတင်းထုတ်ပြန်သည်။
ဆိုးလ်၊ မေ ၂ ရက် (ဆင်ဟွာ) မြောက်ကိုရီးယားနိုင်ငံသည် လွန်ခဲ့သော ရက်သတ္တပတ်တွင် ကျင်းပခဲ့သော ကိုရီးယား ၂နိုင်ငံ ထိပ်သီးညီလာခံ အပြီး ကြေညာခဲ့သည့် ပန်မွန်ဂျုံကြေညာစာတမ်းကို ကျင့်သုံးနိုင်ရန် တောင်ကိုရီးယားနိုင်ငံ နှင့် ထိစပ်လျက်ရှိသော နယ်စပ်ဧရိယာ မှ ဝါဒဖြန့်ချိရေး အသံချဲ့စက်များကို ဖယ်ရှားနေပြီဖြစ်ကြောင်း တောင်ကိုရီးယား စစ်တပ်၏...
နေပြည်တော်၊ မေလ ၂ ရက် (ဆင်ဟွာ) တရားရုံးအဆင့်ဆင့်က ဆောင်ရွက်နေသည့် လုပ်ငန်းများနှင့် တရားစီရင်ရေး ဆိုင်ရာ အရည်အသွေး ကို အများပြည်သူများ ပွင့်လင်းမြင်သာ သိမြင်နိုင်ရန် တရားရုံး နှစ်စဉ် အစီရင်ခံစာကို ထုတ်ပြန်ရခြင်း ဖြစ် ကြောင်း ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦးက ယနေ့ ပြောကြားခဲ့သည်။
ဒမက်စကက်စ်၊ မေလ ၂ ရက်(ဆင်ဟွာ) အမေရိကန်ဦးဆောင်သည့် နိုင်ငံတကာမဟာမိတ်တပ်က မေလ ၁ ရက်နေ့တွင် ဆီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းHasakah ပြည်နယ်ကို လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ အမျိုးသမီးများ နှင့်ကလေးသူငယ်များအပါအဝင် အရပ်သားပြည်သူ ၂၅ ဦး သေဆုံးပြီး လူပေါင်းများစွာ ဒဏ်ရာရရှိခဲ့ ကြောင်း သိရှိရသည်။