ရန်ကုန်၊ မတ် ၁၅ ရက် (ဆင်ဟွာ) ဒုတိယအကြိမ် ပြည်ထောင်စု လွှတ်တော် ပထမ ပုံမှန်အစည်းအဝေး၏ နိုင်ငံတော်သမ္မတ ရွေးချယ်တင်မြှောက် ပွဲတွင် ဦးထင်ကျော်အား နိုင်ငံတော် သမ္မတအဖြစ် ရွေးချယ် တင်မြှောက်ခဲ့သည့် အတွက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်မှ ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့ခဲ့သည်။
ရန်ကုန် ၊ မတ် ၁၅ ရက် (ဆင်ဟွာ) အစိုးရသစ်ကို ဦးဆောင်မည့် နိုင်ငံတော် သမ္မတအား ရွေးချယ်တင်မြှောက်လိုက်သည့် အတွက် မြန်မာနိုင်ငံတော် ဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသံရုံးမှ ဝမ်းမြောက် ဂုဏ်ပြုကြောင်း သံရုံးမှ ယနေ့မတ်လ ၁၅ ရက်တွင် သတင်း ထုတ်ပြန်ခဲ့သည်။
ရန်ကုန်၊ မတ် ၁၅ ရက် (ဆင်ဟွာ) တနင်္သာရီတိုင်း ဒေသကြီး မြိတ်ကျွန်းစု အတွင်း နေထိုင်ကြသည့် ဆလုံ တိုင်းရင်းသား ဦးရေသည် လက်ရှိတွင် ၁,၈ဝဝ ကျော်သာ ကျန်ရှိတော့ကြောင်း မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ ထံမှသိရသည်။
ရန်ကုန်၊မတ် ၁၅ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ အပါအဝင် နိုင်ငံတကာ ရုပ်သေးပွဲတော်ကို ဧပြီ ၂ နှင့် ၃ ရက်တို့တွင် မန္တလေးမြို့ရှိ အမျိုးသား ဇာတ်ရုံတွင် ကျင်းပမည် ဖြစ်ကြောင်း အဆိုပါပွဲ စီစဉ်သူ မြန်မာရုပ်စုံ သဘင်အသင်းမှ တာဝန်ရှိသူကပြောသည်။
နယူးဒေလီ၊ မတ် ၁၅ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ၏ သမ္မတ ရွေးချယ်တင်မြှောက်မှုအား အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် နာရန်ဒြာမိုဒီက ဝမ်းမြောက်ကြောင်း နှုတ်ခွန်းဆက်စကားဖော်ပြခဲ့ပြီး နှစ်နိုင်ငံ ဆက်ဆံရေးတိုးတက်ရန် အတူတကွ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ကတိပြု ပြောကြား လိုက်သည်။