ဟူစတန် ၊ စက်တင်ဘာ ၁ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် ၌ ဖြစ်ပွားနေသော ဟာရီကိန်းမုန်တိုင်း ဟာဗီ ကြောင့် ရေကြီးရေလျှံမှု အတွင်း သေဆုံးသူ ဦးရေမှာ ၄ဝ ကျော်ထိ ရောက်ရှိသွားပြီဖြစ်ကြောင်း တာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရသည်။
ရန်ကုန် ၊ သြဂုတ် ၃၁ ရက် (ဆင်ဟွာ) မောင်တောခရိုင်မေယုတောင်ခြေ အင်းဒင်ကျေးရွာအနီး ယနေ့ သြဂုတ် ၃၁ ရက် မွန်းလွဲပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့များ နယ်မြေရှင်းလင်း ဆောင်ရွက်နေစဉ် ARSA အစွန်းရောက် အကြမ်းဖက်သမား ၁၅၀ ကျော်က ဓားများဖြင့် ဝင်ရောက် တိုက်ခိုက်ခဲ့သဖြင့် ပြန်လည်ခုခံပစ်ခတ်ရာ အကြမ်းဖက်သမား...
ရန်ကုန် ၊ သြဂုတ် ၃၁ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်၊ မောင်တောခရိုင်အတွင်း ARSA အစွန်းရောက်အကြမ်းဖက်သမားများ ရန်ပြုပိတ်ဆို့ထားသော ဟိန္ဒူလူမျိုး ၄၉၉ဦးအား ကယ်ထုတ်နိုင်ပြီဖြစ်ကြောင်း ယနေ့ သတင်ထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်သော သတင်းအရသိရသည်။
နေပြည်တော်၊ သြဂုတ် ၃၁ ရက် (ဆင်ဟွာ) ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမ ပုံမှန် အစည်းအဝေး ၅၄ ရက်တာ ကာလတွင် ဥပဒေကြမ်း ၃၃ ခုတို့ကို ဆွေးနွေး ဆောင်ရွက်ခဲ့ရာ၌ ၁၆ ခုကို အတည်ပြုနိုင်ခဲ့သည်ဟု ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က ယနေ့ပြောကြားခဲ့သည်။
ရန်ကုန်၊ သြဂုတ် ၃၁ ရက် (ဆင်ဟွာ) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)နာယက သူရဦးတင်ဦးသည် ယနေ့ သြဂုတ်လ ၃၁ ရက်နေ့၌ ဆေးကုသမှုခံနေသော ရန်ကုန်အပြည်ပြည်ဆိုင်ရာဆေးရုံမှ ကျန်းမာစွာဖြင့် ဆေးရုံဆင်းပြီဖြစ်ကြောင်း မိသားစုဝင်များထံမှ သိရသည်။